စီရော်နယ်ဒို၏ ဒဏ်ရာအခြေအနေ ပြန်လည်သက်သာလာ

711
တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ ဒဏ်ရာအခြေအနေက ပြန်လည် သက်သာလာနေပြီလို့ ဂျုဗင်တပ် တိုက်စစ်မှူး အယ်လီဂရီက ပြောပါတယ်။
ပေါ်တူဂီ တိုက်စစ်မှူး ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က ဆားဘီးယားနဲ့ ကစားတဲ့ ယူရိုခြေစစ်ပွဲစဉ်မှာ တကောက်ကြော ဒဏ်ရာရခဲ့တာပါ။ ဂျုဗင်တပ်အသင်းဟာ ဒီညမှာ စီးရီးအေ ပွဲစဉ်အဖြစ် အမ်ပိုလီနဲ့ ယှဉ်ပြိုင်ရမှာပါ။
ဂျုဗင်တပ်နည်းပြကတော့ ဒီညပွဲစဉ်အတွက် အသက် ၃၄ နှစ်အရွယ် ရော်နယ်ဒိုကို စွန့်စားပြီး သုံးမှာ မဟုတ်ဘူးလို့ ဆိုထားပါတယ်။
ဂျုဗင်တပ်အသင်းဟာ ဧပြီ ၁၀ ရက်နေ့မှာတော့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်အဖြစ် နယ်သာလန်ကလပ် အေဂျက်နဲ့ ယှဉ်ပြိုင်ရမှာပါ။