Home
အနုပညာ
ဆေးမင်ရည်ချည်သောကြိုးကန်တော့ပွဲပေးသည့် အခမ်းအနားမှ တိုင်ရွန်၊ ခါရာ၊ နန်းဆုဦးတို့၏ ပုံ ရိပ်များ (ဓာတ်ပုံ)
DVB
·
March 30, 2019
လူငယ်မော်ဒယ်သရုပ်ဆောင်တွေ အများစု ခေါင်းဆောင်ပါဝင်မယ့် ဆေးမင်ရည် ချည်သောကြိုး ရုပ်ရှင်ကားရဲ့ ကန်တော့ပွဲပေးတဲ့ အခမ်းအနားကို ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့၊ ရွှေတိဂုံစေတီတော် အောင်မြေမှာ ကျင်းပခဲ့ပါတယ်။ ဒီကားကိုတော့ ရွှေသံလွင်မီဒီယာနဲ့ Myanmar Media 7 တို့ ပူးပေါင်းတင်ဆက် တာဖြစ်ပြီး မိုးစက်ဝိုင်၊ အန်းနက်တို့ရဲ့ ဇာတ်လမ်းဇာတ်ညွှန်းကို ဒါရိုက်တာ သားညီက ပုံဖော်ရိုက်ကူးမှာ ဖြစ်ပါတယ်။ သားညီက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ပုံတပုံနဲ့အတူ “29.3.2019 07:00 Am ရွှေ တိဂုံစေတီတော်”လို့ ရေးပြီး တင်ထားတာ တွေ့ရပါတယ်။ ပုံတွေထဲမှာတော့ ရုပ်ရှင်ကားထဲမှာ ပါဝင်ကြမယ့် သရုပ်ဆောင် မင်းသား မင်းသမီးတွေ၊ ထုတ်လုပ်သူနဲ့ ဒါရိုက်တာတွေရဲ့ ပုံတွေကို တွေ့ကြရမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာတော့ ခုနောက်ပိုင်း ရုပ်ရှင်ကားတွေထဲမှာ ခပ်စိပ်စိပ် တွေ့လာရတဲ့ သရုပ်ဆောင်တွေဖြစ်ကြတဲ့ တိုင်ရွန်၊ ခါရာ၊ နန်းဆုဦး၊ ဟန်လေးတို့က အဓိကပါဝင် သရုပ်ဆောင်သွားကြမှာ ဖြစ်ပါတယ်။ တိုင်ရွန်ဟာ မော်ဒယ်တယောက်အဖြစ်နဲ့ အနုပညာလောကထဲကို ၀င်ရောက်လာ သူဖြစ်ပြီး နောက်ပိုင်း ဇာတ်ကားတော်တော်များများမှာ ပါဝင်လာသူတယောက် ဖြစ်ပါတယ်။ ခါရာကတော့ သိပ်မကြာခင်ကမှ ရုံတင်ခဲ့တဲ့ မြို့ပြမုဆိုးများ၊ ပြီးခဲ့တဲ့နှစ် အကယ်ဒ မီဆုချီးမြှင့်ပွဲမှာ ဆုတဆုရရှိခဲ့တဲ့ မျက်နှာပြင်များ စတဲ့ ရုပ်ရှင်ကားတွေနဲ့ လူသိများလာခဲ့သူတဦးဖြစ်ပါတယ်။ နန်းဆုဦးကတော့ မနှစ်က အကယ်ဒမီတစ်ကြိုစာရင်းမှာ ပါဝင်ခဲ့တဲ့ ဥပါဒါန်ရုပ်ရှင်ကားမှာ ပီပီပြင်ပြင် သရုပ်ဆောင်နိုင်ခဲ့သူ တဦးဖြစ်တာမို့ သူတို့တွေရဲ့ အတွဲအဖက်က စိတ်ဝင်စားစရာ ဖြစ်နေခဲ့တာပါ။ ဒါရိုက်တာ သားညီဟာ နောက်ပိုင်းမှာ ရုပ်ရှင်ကားတော်တော်များများကို ရိုက်ကူး လာတာတွေ့ရပြီး ခုရိုက်ကူးမယ့် ရုပ်ရှင်ကားထဲမှာ ဘယ်လိုဆန်းပြားတဲ့ ပုံစံတွေနဲ့ တင်ပြထားမလဲဆိုတာကိုတော့ မကြာခင် ပရိသတ်တွေက ရှုစားကြရတော့မှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024