A d v e r t i s e m e n t With Us

နယူးဇီလန် ဗလီနှစ်ခု ပစ်ခတ်မှုအတွင်း သေဆုံးသူများအတွက် အောက်မေ့ဖွယ်အခမ်းအနား ကျင်းပ

ဓာတ်ပုံ - Reuters
နယူးဇီလန်နိုင်ငံ ခရိုက်ချက်မြို့ ရင်ပြင်တခုမှာ မတ်လ ၂၉ ရက်နေ့က ထောင်ချီတဲ့လူတွေ စုဝေးပြီး ဗလီနှစ်ခု ပစ်ခတ်မှုအတွင်း သေဆုံးခဲ့သူတွေအတွက် နိုင်ငံလုံးဆိုင်ရာ အောက်မယ့်ဖွယ် အခမ်းအနား ပြုလုပ်ခဲ့ပါတယ်။ အဲဒီအခမ်းအနားမှာ သေဆုံးသူ အယောက် ၅၀ ရဲ့ နာမည်တွေကို ဖတ်ပြခဲ့ပြီး ဝန်ကြီးချုပ် ဂျက်စင်ဒါ အာဒန်က ကမ္ဘာကြီးအနေနဲ့ အကြမ်းဖက်မှု အဆိုးသံသရာကို အဆုံးသတ်ရမယ်လို့ ပြောကြားခဲ့ပါတယ်။ အဲဒီအခမ်းအနားမှာ ဗြိတိန်အဆိုတော် ကတ်စတီဗန်ကလည်း သူ့ရဲ့ "Peace Train" သီချင်းနဲ့ ဖော်ျဖြေခဲ့ပါတယ်။ မတ်လ ၁၅ ရက်နေ့က ခရိုက်ချက်မြို့မှာရှိတဲ့ ဗလီနှစ်ခုကို တကိုယ်တော် သေနတ်သမားက ဝင်ရောက်ပစ်ခတ်ခဲ့တာပါ။ အဲဒီအမှုနဲ့ပတ်သက်ပြီး အသက် ၂၈ နှစ်အရွယ် လူဖြူကြီးစိုးရေးဝါဒီ သြစတြေးလျနိုင်ငံသား ဘရန်တန် တဲရန့်ကို လူသတ်မှုတမှုနဲ့ စွဲချက်တင်ထားပြီး နောက်ထပ်စွဲချက်တွေ ရင်ဆိုင်ရဖွယ် ရှိပါတယ်။ ဧပြီ ၅ ရက်နေ့ကျရင် ဘရန်တန်ဟာ စစ်ဆေးခံဖို့ တရားရုံးကို ထပ်မံလာရောက်မယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up