တိုက်စစ်မှူး ဟီဂူအင် အာဂျင်တီးနား လက်ရွေးစင်အသင်းမှ အနားယူ

1.2K
ချဲလ်ဆီးတိုက်စစ်မှူး ဟီဂူအင်က အာဂျင်တီးနား လက်ရွေးစင်အသင်းကနေ အနားယူလိုက်ပြီဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။
အသက် ၃၁ နှစ်အရွယ် တိုက်စစ်မှူးကတော့ ချဲလ်ဆီးအသင်းအတွက် အာရုံအပြည့်စိုက်ပြီး ကစားချင်လို့ လက်ရွေးစင်အသင်းကနေ အနားယူတာဖြစ်တယ်လို့ ပြောပါတယ်။
သူဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ဂျူဗင်တပ်အသင်းကနေ ချဲလ်ဆီးကို အငှားစာချုပ်နဲ့ ပြောင်းရွှေ့လာတာပါ။
တိုက်စစ်မှူး ဟီဂူအင်ဟာ အာဂျင်တီးနားအတွက် ၇၅ ပွဲမှာ ၃၁ ဂိုး သွင်းယူပေးထားပါတယ်။
ဒါပေမယ့် ၂၀၁၈ ကမ္ဘာ့ဖလား အပြီးမှာတော့ လက်ရွေးစင်အသင်းအတွက် ရွေးချယ်ခံရခြင်း မရှိသေးပါဘူး။
သူဟာ ကလပ်မှာ ခြေစွမ်းပြနိုင်ပေမယ့် လက်ရွေးစင်အသင်းအတွက် ကစားပေးတဲ့ အခါတိုင်း ခြေစွမ်းမပြနိုင်လို့ မကြာခဏ ဝေဖန်ခံရလေ့ရှိပါတယ်။