ဆိုမာလီတွင် ဟိုတယ်နှင့် စားသောက်ဆိုင်များအနီး ကားဗုံးပေါက်ကွဲ၊ ၁၅ ဦးထက်မနည်း သေဆုံး

ဓာတ်ပုံ - Reuters
ဆိုမာလီနိုင်ငံ မြို့တော် မိုဂါဒစ်ရှူးမှာ မတ်လ ၂၈ ရက် မွန်းလွဲပိုင်းက ဟိုတယ်တခုနဲ့ စားသောက်ဆိုင်တွေအနီး ကားဗုံးတလုံး ပေါက်ကွဲခဲ့တာကြောင့် လူ ၁၅ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ကယ်ဆယ်ရေးဌာနက ပြောပါတယ်။ အဲဒီဗုံးပေါက်ကွဲမှုကြောင့် ကောင်းကင်ပေါ်ကို မီးခိုးငွေ့တွေတက်လာပြီး အနားက စားသောက်ဆိုင်နှစ်ဆိုင်နဲ့ ရပ်ထားတဲ့ ကားတွေလည်း ပျက်စီးခဲ့ပါတယ်။ ပေါက်ကွဲမှုဖြစ်တဲ့နေရာမှာ အလောင်း ၁၈ လောင်း တွေ့ရတယ်လို့ မျက်မြင်သက်သေ တဦးရဲ့ ပြောဆိုချက်ကို ကိုကားပြီး ရိုက်တာသတင်းက ဖော်ပြပါတယ်။ ဒီပေါက်ကွဲမှုက ဘယ်သူ့လက်ချက်ဆိုတာ ချက်ချင်း မသိရသေးပါဘူး။ “တော်တော်လေး တုန်လှုပ်မိပါတယ်။ ဒီလိုဖောက်ခွဲတာတွေ မလုပ်ကြဖို့ တောင်းဆိုပါတယ်” လို့ ဒေသခံတဦးက ပြောတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။ အယ်လ်ကိုင်းဒါးအဖွဲ့နဲ့ ပတ်သက်မှုရှိတဲ့ အယ်လ်ရှာဘတ် စစ်သွေးကြွတွေဟာ အရင်ကလည်း လူစည်ကားတဲ့ မြို့တော် မိုဂါဒစ်ရှူးကို ပစ်မှတ်ထား တိုက်ခိုက်တာတွေ လုပ်ခဲ့ပါတယ်။

More News
Up