မြောက်ကိုရီးယား စစ်ရေးအစည်းအဝေး ကင်ဂျုံအန်း သဘာပတိအဖြစ် ဆောင်ရွက်

ဓာတ်ပုံ - KCNA/UPI
1K
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ ဒီသီတင်းပတ် အစောပိုင်းက မြို့တော် ပြုံယမ်းမှာ စစ်ရေးအစည်းအဝေးကို သဘာပတိအဖြစ် ဆောင်ရွက်ကျင်းပခဲ့တယ်လို့ မြောက်ကိုရီးယား အစိုးရမီဒီယာက မတ်လ ၂၇ ရက်မှာ ပြောပါတယ်။
ကိုရီးယား ပြည်သူ့တပ်မတော်ရဲ့ နိုင်ငံရေးနည်းပြတွေနဲ့ စစ်ရေးခေါင်းဆောင်တွေရဲ့ ငါးကြိမ်မြောက် အစည်းအဝေးကို ကင်နဲ့ စစ်တပ်အရာရှိ ထောင်ချီတို့ တက်ရောက်လာပုံကို ကေအာတီ သတင်းဌာနက ထုတ်လွှင့်ပါတယ်။
အခက်အခဲတွေက ပိုပြီး များသထက် များလာတယ်၊ ဒါပေမယ့် ကြောက်စရာမရှိသလို တွန့်ဆုတ်စရာ အကြောင်းပြချက် မရှိဘူး၊ သူ့မှာ စစ်တပ်ထဲမှာ ယုံကြည်စိတ်ချရတဲ့ ရဲဘော်ရဲဘက်တွေ ရှိတယ်လို့ ကင်က မိန့်ခွန်းထဲမှာ ပြောခဲ့တဲ့အကြောင်း မြောက်ကိုရီးယား အစိုးရရုပ်သံ ကေစီအန်အေ သတင်းဌာနက ပြောပါတယ်။
၂ ရက်ကြာ အစည်းအဝေးကို မတ်လ ၂၅ ရက်မှာ စဆွေးနွေးခဲ့တာပါ။ မြောက်ကိုရီးယား စစ်တပ် ဒုစစ်ဦးစီးချုပ် ရိမြောင်စူးနဲ့ အထွေထွေ နိုင်ငံရေးဗျူရို ညွှန်မှူး ကင်စုဂီးလ်တို့ အပါအဝင် အဆင့်မြင့် စစ်ဘက်အရာရှိတွေ တက်ရောက်ခဲ့တယ်လို့ ကေစီအန်အေက ပြောပါတယ်။