A d v e r t i s e m e n t With Us

စစ်တွေ ရခိုင်ရိုးရာသင်္ကြန်ပွဲတော် ဖျက်သိမ်း

သင်္ကြန်ပွဲအတွက်အသုံးပြုမယ့်ရန်ပုံငွေတွေကို ရခိုင်စစ်ဘေးရှောင်ဒုက္ခသည်တွေအတွက် အသုံးပြုလိုက်တာကြောင့် ပွဲကျင်းပရေးကော်မတီက စစ်တွေရခိုင်ရိုးရာသင်္ကြန်ပွဲတော်ကို မကျင်းပတော့ဘဲ ဖျက်သိမ်းလိုက်ပါတယ်။ သင်္ကြန်ပွဲတော်အတွက် ကုန်ကျငွေရဲ့ထက်ဝက်ကို ပြည်နယ်အစိုးရအဖွဲ့က နှစ်စဉ်ထောက်ပံ့ပြီး ကျန်တဲ့ငွေတွေကို စစ်တွေမြို့ပေါ်က လုပ်ငန်းရှင်တွေဆီက ကောက်ခံကာ ရခိုင်ရိုးရာသင်္ကြန်ပွဲတော်ကို ကျင်းပလေ့ရှိတာပါ။ ဒီနှစ်မှာတော့ လုပ်ငန်းရှင်တွေက စစ်ဘေးရှောင်တွေကို ကူညီထောက်ပံ့နေကြတဲ့အတွက် ပြီးခဲ့တဲ့ နှစ်တွေကလို လုံလုံလောက်လောက် ထည့်ဝင်နိုင်မှာ မဟုတ်လို့ ဖျက်သိမ်းလိုက်တာလို့ သင်္ကြန်ပွဲတော်ကျင်းပရေးကော်မတီကပြောပါတယ်။ ပွဲကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးဝိုင်းမောင်က “အရင်နှစ်တွေက ဆိုရင် ရခိုင်ပြည်နယ် မြို့တော် စစ်တွေအပါအဝင် မြို့နယ်အများအပြားမှာ ရေလောင်းမဏ္ဍပ်တွေ၊ သီဆိုဖျော်ပြမှုတွေ၊ ရိုးရာအကတွေ ထည့်သွင်းပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပကြတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုသင်္ကြန်ပွဲတော်ကို ရခိုင်ပြည်နယ် မြို့နယ် နေရာတော်တော်များများမှာ ကျင်းပဖြစ်မှာ မဟုတ်ဘူး”လို့ ပြောပါတယ်။ ဒီနှစ်သင်္ကြန်ပွဲတော် ကျင်းပမယ့် အခြေအနေနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်ကို မေးမြန်းရာမှာတော့ သင်္ကြန်ပွဲနဲ့ ပတ်သက်ပြီး အစည်းအဝေးခေါ်ယူတာလည်း မရှိသေးသလို သူ့ကိုတာဝန်ပေးတာလည်း မရှိဘူးလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်သင်္ကြန်ကိုတော့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က သံတွဲခရိုင်မှာ ကြီးမှူး ကျင်းပခဲ့ပါတယ်။ ဝဏ္ဏခွာညို

A d v e r t i s e m e n t With Us

More News
Up