ယီမင်ရှိ ဆေးရုံတရုံ အပြင်ဘက် ဒုံးကျည်ထိမှန်၊ ကလေး ၄ ဦး အပါအဝင် ၇ ဦး သေဆုံး

ဓာတ်ပုံ - Save The Children
ယီမင်နိုင်ငံ အနောက်မြောက်ဘက်မှာ မတ်လ ၂၆ ရက်နေ့က ဆေးရုံတရုံ အပြင်ဘက်ကို ဒုံးကျည်ထိမှန်ခဲ့တာကြောင့် ကလေး ၄ ဦး အပါအဝင် စုစုပေါင်း ၇ ဦး သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (Save the Children) က ပြောပါတယ်။ ဆာဒါမြို့ကနေ မိုင် ၆၀ အကွာအဝေးမှာ တည်ရှိတဲ့ ကီတာဖ် ကျေးလက်ဆေးရုံနားက ဓာတ်ငွေ့ဆိုင်ကို ဒုံးကျည်ထိမှန်ခဲ့တာပါ။ ဒါ့အပြင် နောက်ထပ် လူ၈ ဦးလည်း ဒဏ်ရာရခဲ့ပါတယ်။ အဲဒီဒုံးကျည်ပစ်ခတ်မှုဟာ ဆော်ဒီဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့ရဲ့ လူမဆန်တဲ့ လုပ်ရပ်လို့ ဒေသခံတဦးက ပြောပါတယ်။ ဒါပေမယ့် ညွန့်ပေါင်းအဖွဲ့က အဲဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ထုတ်ပြန် ကြေညာခဲ့တာ မရှိသေးပါဘူး။ ဆော်ဒီဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့ ကျောထောက်နောက်ခံပေးတဲ့ ယီမင်အစိုးရအဖွဲ့နဲ့ ဟူသီသူပုန်အကြား လေးနှစ်ကြာ တိုက်ပွဲတွေကြောင့် ယီမင်နိုင်ငံမှာ လူပေါင်းသောင်းချီ သေဆုံးခဲ့ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up