နှစ် ၁၂၀ သက်တမ်းရှိ ဗဟိုအမျိုးသမီးဆေးရုံကြီး၌ အပြာရောင်ကမ္ဗည်းပြားတပ်ဆင်

943
မြို့ပြအမွေအနှစ် ထိန်းသိမ်းရေးအထိမ်းအမှတ်အဖြစ် ၂၉ ခုမြောက် အပြာရောင် ကမ္ဗည်းပြားကို ရန်ကုန် လမ်းမတော်မြို့နယ်ရှိ ဗဟိုအမျိုးသမီးဆေးရုံကြီးမှာ ဒီနေ့ မနက်ပိုင်းက တပ်ဆင်ခဲ့ပါတယ်။
နှစ်ပေါင်း ၁၂၀ ကျော်သက်တမ်းရှိပြီဖြစ်တဲ့ ဗဟိုအမျိုးသမီးဆေးရုံကြီးကို ၁၈၉၈ ခုနှစ်မှာ အဆောင်တွေ ဆောက်လုပ်ဖွင့်လှစ်ခဲ့ပြီး ဒီနေ့အချိန်အထိ ကိုယ်ဝန်ဆောင်နဲ့ အမျိုးသမီးတွေကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတာဖြစ်ပါတယ်။
ဗဟိုအမျိုးသမီးဆေးရုံကြီးမှာ နေ့စဉ်အမျိုးသမီး လူနာ ၃၀၀ ကျော်လောက် လာရောက် ဆေးကုသမှုခံယူနေကြပါတယ်။
မေစု