ငွေစက္ကူများ ရုပ်သိမ်းရန်အစီအစဉ်မရှိဟု ဗဟိုဘဏ်ကြေညာ
DVB
·
October 17, 2012
မြန်မာနိုင်ငံတွင်း လှည့်လည်သုံးစွဲနေတဲ့ မည်သည့်ငွေစက္ကူကိုမှ ရုပ်သိမ်းရန် အစီအစဉ်မရှိကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
[caption id="attachment_32005" align="alignright" width="300" caption="(ဓာတ်ပုံ- ရိုက်တာ)"][/caption]
အခုရက်ပိုင်းအတွင်း ၅ ကျပ်တန်၊ ၁၀ တန်၊ ၂၀ တန်နဲ့  ၅၀ တန် တန်ဖိုးနည်း ငွေ စက္ကူတွေ ပြန်ရုပ်သိမ်းမယ် ဆိုတဲ့ ကောလာဟလတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပြီးနောက်မှာ ဗဟိုဘဏ်က အခုလို ကြေညာလိုက်တာပါ။
တရားမ၀င်ကြေညာထားပြီးဖြစ်တဲ့ ငွေစက္ကူများမှအပ ၁ ကျပ်တန်ကနေ ၁ သောင်းတန်ထိ တရားဝင် လှည့်လည်သုံးစွဲနိုင်တယ်လို့ ဗဟိုဘဏ်က အသိပေး ကြေညာထားပါတယ်။
သုံးစွဲနေတဲ့ ငွေစက္ကူတွေနဲ့ ဒင်္ဂါးတွေကို ရုပ်သိမ်းရန် လိုအပ်ပါက အစိုးရခွင့်ပြုချက်နဲ့ အများပြည်သူသို့ ကြေညာချက်တွေ ထုတ်ပြန်ကြိုတင်အသိပေးပြီး ငွေစက္ကူတွေကို တန်ဖိုးအလိုက် လဲလှယ်ပေးပြီး ရုပ်သိမ်းနိုင်တယ်လို့ ဥပဒေပြဋ္ဌာန်းထားတယ်လို့ ဆိုပါတယ်။