ခရိုင်းမီးယားဒေသတွင် ရုရှားက အကြီးစား စစ်ရေးလေ့ကျင့်မှု ပြုလုပ် (ရုပ်သံ)
Published By
DVB | 28 March, 2019
1.8K
0
Share
0
Comment
0
Likes
ရုရှားက သူကျူးကျော်သိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားဒေသမှာ ကြည်း၊ ရေ၊ လေ အကြီးစား စစ်ရေးလေ့ကျင့်မှုတွေ မတ်လ ၂၇ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
သုံးရက်ကြာ စစ်ရေးလေ့ကျင့်မှုအတွင်း လေထီးစစ်သည် အရေအတွက် တသောင်းခွဲအပြင် စစ်ရေယာဉ်တွေ တိုက်လေယာဉ်တွေပါတဲ့ လက်နက်ကြီးတပ်စိတ် ၃၀၀ ဝန်းကျင် ပါဝင်ခဲ့ကြပါတယ်။
ယူကရိန်းနိုင်ငံမှာ သမ္မတရွေးကောက်ပွဲ ကျင်းပဖို့ သီတင်းတပတ်အလိုမှာ ရုရှားက အဲဒီလို အကြီးစား စစ်ရေးလေ့ကျင့်တာတွေ လုပ်ခဲ့တာပါ။
ရုရှားဟာ ယူကရိန်းနိုင်ငံကနေ ခရိုင်းမီးယားဒေသကို ၂၀၁၄ ခုနှစ်မှာ ကျူးကျော်သိမ်းပိုက်ခဲ့တာကြောင့် အနောက်နိုင်ငံတွေက ပြစ်တင်ရှုတ်ချခဲ့ကြပါတယ်။
အဲဒီပြဿနာကြောင့် အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့ကလည်း ရုရှားအပေါ် အရေးယူပိတ်ဆို့တာတွေ ချမှတ်ခဲ့ပြီး အနောက်အုပ်စုနဲ့ ရုရှားအကြား စစ်အေးခေတ်နောက်ပိုင်း အဆိုးရွားဆုံး ဆက်ဆံရေး အခြေအနေ ရောက်ခဲ့ပါတယ်။
ရုရှားရဲ့ တစိတ်တပိုင်းဖြစ်လာဖို့ ခရိုင်းမီးယားပြည်သူ အများစုက ၂၀၁၄ ပြည်သူ့ဆန္ဒခံယူပွဲမှာ ဆန္ဒမဲ ပေးခဲ့ကြတယ်လို့ ရုရှားအစိုးရက ပြောခဲ့ပါတယ်။
ခရိုင်းမီးယားကို တရားမဝင် အာဏာသိမ်းတယ်ဆိုတဲ့ ဝေဖန်မှုတွေကနေ ကာကွယ်ဖို့ ရုရှားက အဲဒီလို ပြောခဲ့တာလို့ မီဒီယာတွေက သုံးသပ်ပါတယ်။