စင်ကာပူ ဟာယတ်ဟိုတယ်ရှိ စားသောက်ဆိုင် မီးလောင်၊ လူ ၅၀၀ ကျော် ရွှေ့ပြောင်း (ရုပ်သံ)
Published By
DVB | 28 March, 2019
1.5K
0
Share
0
Comment
0
Likes
စင်ကာပူနိုင်ငံ ဟာယတ်ဟိုတယ်က စားသောက်ဆိုင်တဆိုင် မတ်လ ၂၇ ရက်က မီးလောင်လို့ လူအယောက် ငါးရာကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ ဒေသန္တရ မီးသတ်ဌာနက ပြောပါတယ်။
စင်ကာပူရဲ့ ကမ္ဘာလှည့်ခရီးသည်တွေ အလာများရာ ခရိုင်အတွင်း မီးခိုးတွေ ရစ်သိုင်းနေပုံ ရုပ်သံကို ရိုက်တာသတင်းဌာနက ဖြန့်ချိပါတယ်။
ဒေသစံတော်ချိန် မနက် ၁၁ နာရီခွဲလောက်မှာ စားသောက်ဆိုင် မီးဖိုချောင်က မီးဖိုနဲ့ မီးခိုးထွက်ပြွန်တို့ မီးလောင်ခဲ့တယ်လို့ စင်ကာပူ အရပ်ဘက်ကာကွယ်ရေးတပ်က ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ပေါ်မှာ ရေးပါတယ်။
မီးသတ်သမားတွေ ရောက်မလာခင် အဆောက်အဦရဲ့ မီးသတ်စနစ် ရေပန်းကြောင့် မီးကို ထိန်းသိမ်းနိုင်ခဲ့တာပါ။
အခင်းဖြစ်ရာနေရာက လူအယောက်ငါးရာလောက်ကို ဘေးကင်းရာ ရွှေ့ပေးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အစီရင်ခံတာ မရှိပါဘူး။