A d v e r t i s e m e n t With Us

လီဗာပူးနောက်ခံလူ မိုရီနိုကို ခေါ်ယူရန် ဘာစီလိုနာ ပစ်မှတ်ထား

ဘာစီလိုနာအသင်းဟာ လီဗာပူးနောက်ခံလူ မိုရီနိုကို ခေါ်ယူဖို့အတွက် လာမယ့်နွေရာသီမှာ ပစ်မှတ်ထား ကြိုးပမ်းမယ်လို့ သိရပါတယ်။ စပိန်ဘယ်နောက်ခံလူ မိုရီနိုဟာ လီဗာပူးအသင်းမှာ ပွဲထွက်ခွင့် ပျောက်ဆုံးနေပြီး အခုနှစ် ဘောလုံးရာသီအကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းအနေနဲ့ မိုရီနိုကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခွင့်ရမှာဖြစ်ပြီး ယော်ဒီအယ်လ်ဘာရဲ့နောက် အရန်ကစားသမားအဖြစ် အသုံးပြုသွားဖို့ ရည်ရွယ်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။ အသက် ၂၆ နှစ်ရှိပြီဖြစ်တဲ့ ဘယ်နောက်ခံလူ မိုရီနိုဟာ ၂၀၁၄ ခုနှစ်က ဆီဗီလာအသင်းကနေ ပေါင် ၁၂ သန်းနဲ့ ပြောင်းရွှေ့လာသူဖြစ်ပါတယ်။ မိုရီနိုဟာ အသင်းကို ရောက်ကာစမှာ ပွဲထွက်ခွင့် ရခဲ့ပေမယ့် လူငယ်နောက်ခံလူ ရော်ဘတ်ဆန်ရဲ့ ခြေစွမ်းပြမှုတွေကြောင့် အရန်ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ အာဆင်နယ်နောက်ခံလူ မွန်ရီယယ်ကိုလည်း ခေါ်ယူလိုပေမယ့် မိုရီနိုကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခွင့်ရမှာ ဖြစ်တဲ့အတွက် ဦးစားပေးအဖြစ် သတ်မှတ်ပြီး ခေါ်ယူလိုနေတာဖြစ်တယ်လို့ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up