အစိုးရက အလိမ်အညာတွေ ပြောနေသမျှ စစ်မှန်တဲ့ ဒီမိုကရေစီဆိုတာလည်း မရှိနိုင်ပါဘူး။
DVB
·
October 17, 2012
အင်ဒိုနီးရှား အစိုးရဟာ ၁၉၆၅ ခုနှစ်ကတည်းက ဖြစ်ခဲ့တဲ့ ကွန်မြူနစ်လို့ သံသယရှိသူတွေ ၂ သိန်းလောက်အထိကို သတ်ဖြတ်ခဲ့တဲ့ အဖြစ်အပျက်အတွက် အခုအချိန်အထိ ၀န်ချတောင်းပန်တာ မလုပ်ရသေးပါဘူး။ အဲဒီတုန်းက မအောင်မြင်တဲ့ အာဏာသိမ်းမှုကို အင်အားအကြီးဆုံး နိုင်ငံရေးပါတီဖြစ်တဲ့ ကွန်မြူနစ်ပါတီက ကြံစည်ခဲ့တယ်လို့ ဆိုပြီး ကွန်မြူနစ်တွေကို နှိမ်နင်းခဲ့တာပါ။ အစိုးရဘက်ကတော့ ကွန်မြူနစ်တွေကို သတ်ရတာဟာ တိုင်းပြည်လုံခြုံရေးအတွက် အင်ဒိုနီးရှားကို ကာကွယ်ဖို့ လုပ်ခဲ့ရတာလို့ ဆင်ခြေပေးနေပါတယ်။
ဒါပေမယ့် ဗြိတိသျှလူမျိုး နာမည်ကျော်သတင်းထောက် ဂျွန် ပေဂါကတော့ ၁၉၆၅ ခုနှစ်တုန်းက ရက်ရက်စက်စက်သတ်ဖြတ်မှုအတွက် အစိုးရက ၀န်ချတောင်းပန်ပြီး ခံစားခဲ့ရတဲ့ လူတွေကို လျော်ကြေးပေးသင့်တယ်လို့ ပြောပါတယ်။
သတင်းထောက် ရီဗက်ကာ ဟန်းရှက်က ဂျွန်ပေဂါနဲ့ ဥဘက် နိုင်ငံတကာ စာရေးဆရာတွေရဲ့ တွေ့ဆုံပွဲမှာ တွေ့ဆုံမေးမြန်းထားတာကို ထုတ်လွှင့်ပေးလိုက်ပါတယ်။ ဒီအကြောင်း မယုယမိုးက တင်ပြပေးမှာပါ။