Live
Home
မြန်မာသတင်း
တရားဥပဒေစိုးမိုးရေးအတွက် သောင်းကျန်းသူအဖွဲ့များကို ရှင်းလင်းမည်ဟု ဒုဗိုလ်ချုပ်မှူးကြီးပြော
DVB
·
March 28, 2019
တရားဥပဒေစိုးမိုးရေးအတွက် ပြည်သူတွေရဲ့ အကျိုးစီးပွားကို ထိခိုက်စေမယ့် သောင်းကျန်းသူအဖွဲ့အစည်းတွေကို ရှင်းလင်းသွားမယ်လို့ ဒုဗိုလ်ချုပ်မှူးကြီးက ပြောကြားလိုက်ပါတယ်။ မနေ့က နေပြည်တော် စစ်ရေးပြကွင်းမှာ ကျင်းပတဲ့ ၇၄ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားမှာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားလိုက်တာပါ။ “ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့် တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်ပေးနေ သည့် ရဲကင်းစခန်းများ ကိုဝင်ရောက်အကြမ်းဖက် တိုက်ခိုက်ခြင်းသည် အုပ်ချုပ်ရေးယန္တရားအား နှောင့်ယှက်ခြင်းဖြစ်ပြီး နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို ထိခိုက်စေခြင်းဖြစ်သည့်အတွက် တပ်မတော်အနေဖြင့် ထိထိရောက်ရောက်နှိမ်နင်း သွားမည်ဖြစ်ကြောင်း၊ ပြင်ပပယောဂကြောင့် တည်ငြိမ်မှုပျက်ပြားခဲ့သည့် ရခိုင်ပြည်နယ်မြောက်ပိုင်း တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်နေချိန် တွင် AA သောင်းကျန်းသူများ၏ အကြမ်းဖက် လုပ်ဆောင်မှုသည် ဒေသတွင်းပြည်သူများ၏ ဒေသအကျိုးစီးပွားကိုသာ ထိခိုက်စေမည်ဖြစ်ကြောင်း။ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးအတွက် တပ်မတော်အနေဖြင့် မည်သည့် လက်နက်ကိုင် သောင်းကျန်းသူမဆို ရှင်းလင်းရမည်ဖြစ်ကြောင်း။” ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအားလုံး အန်စီအေမှာ လက်မှတ်ရေးထိုးကြဖို့လည်း တိုက်တွန်းသွားပါတယ်။ “၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ၊ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲအတွေ့အကြုံများအရ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များရှိသည့် နယ်မြေနှင့်ဆက်စပ်နယ်မြေအချို့တွင် တရားမျှတမှု မရှိသည့် ရွေးကောက်ပွဲများ ဖြစ်ခဲ့ရသည်ကို တွေ့ရသည့်အတွက် တရားမျှတသည့် ရွေးကောက်ပွဲဖြစ်လာစေရန်၊ မတရားမှုများ မဖြစ်ရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အားလုံး NCA လက်မှတ်ရေးထိုးပြီး နိုင်ငံရေးအရ ဆောင်ရွက်သင့်သည်များဆောင်ရွက် ကြရန်ထပ်မံပြောကြားလိုကြောင်း။” ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ မတ် ၂၆ ရက်ညနေပိုင်း ရုံးဆင်းချိန် လှေကားအဆင်း ချေေချာ်ခဲ့ပြီး ဒူးဒဏ်ရာရခဲ့တာကြောင့် မနေ့က ကျင်းပတဲ့ တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကိုရော ဂုဏ်ပြုညစာစားပွဲကိုပါ တက်ရောက်နိုင်ခြင်းမရှိဘူးလို့ သိရပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024