A d v e r t i s e m e n t With Us

ဂိုလန်ကုန်းမြင့်ကို အစ္စရေးအချုပ်အခြာပိုင်အဖြစ် အမေရိကန် အသိအမှတ်ပြုမှု နိုင်ငံအချို့ ပယ်ချ

ဓာတ်ပုံ - AFP
ဂိုလန်ကုန်းမြင့်ကို အစ္စရေး အချုပ်အခြာပိုင်အဖြစ် အသိအမှတ်ပြုတဲ့ အမေရိကန်သမ္မတ ထရမ့်ရဲ့ ဆုံးဖြတ်ချက်ကို နိုင်ငံတချို့က မတ်လ ၂၆ ရက်နေ့မှာ ပယ်ချလိုက်ပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင် ဥရောပနိုင်ငံတွေ ဖြစ်ကြတဲ့ ပြင်သစ်၊ ဗြိတိန်၊ ဂျာမနီ၊ ဘယ်လ်ဂျီယံနဲ့ ပိုလန်တို့က ဂိုလန်ကုန်းမြင့် အပါအဝင် ၁၉၆၇ ခုနှစ် ဇွန်လနောက်ပိုင်း  သိမ်းပိုက်ခဲ့တဲ့ နယ်မြေတွေအပေါ်မှာ အစ္စရေးရဲ့ အချုပ်အခြာကို အသိအမှတ် မပြုဘူးလို့ ပြောခဲ့ပါတယ်။ လက်ဘနွန်၊ ကျော်ဒန်နဲ့ ဆီးရီးယား စတဲ့နိုင်ငံတွေကလည်း အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ကို ရှုတ်ချသလို ရုရှားကလည်း ဝေဖန်ခဲ့ပါတယ်။ တရားမဝင် သိမ်းပိုက်နယ်မြေတွေကို အသိအမှတ်ပြုတဲ့ အကျိုးဆက်တွေ ကျယ်ပြန့်လာတာနဲ့ ဒေသတွင်း အကျိုးဆက်တွေ ကျယ်ပြန့်လာတာကိုလည်း အလွန်စိုးရိမ်မိတယ်လို့ အဲဒီနိုင်ငံတွေက ပြောပါတယ်။ ၁၉၆၇ ခုနှစ် အရှေ့အလယ်ပိုင်း စစ်ပွဲအတွင်း အစ္စရေးဟာ ဂိုလန်ကုန်းမြင့်ကို ဆီးရီးယားဆီကနေ သိမ်းယူခဲ့ပြီး ၁၉၈၁ ခုနှစ်မှာ အစ္စရေးအပိုင်အဖြစ် သိမ်းပိုက်ခဲ့တာပါ။ အဲဒါကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တရားမဝင်ကြောင်း ကြေညာခဲ့ပါတယ်။ ဒီလိုသိမ်းပိုက်တာဟာ ကုလသမဂ္ဂ ပဋိညာဉ်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာဖြစ်တယ်လို့ ကုလသမဂ္ဂက ကြေညာခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up