Home
မြန်မာသတင်း
အချိန်အားနေ၍ အခမ်းအနားပွဲများလိုက်တက်နေခြင်းမဟုတ်ဟု ရန်ကုန်မြို့တော်ဝန်ပြော
ပြည့်ဘုန်းအောင်
·
March 27, 2019
ရန်ကုန်မြို့ဖွံ့ဖြိုးတိုးတက်ဖို့ အလုပ်တွေမအားတဲ့ကြားထဲက အခမ်းအနားပွဲတွေ တက်ရောက်နေရတာလို့ ရန်ကုန်မြို့ တော်ဝန် ဦးမောင်မောင်စိုးက ပြောပါတယ်။ ဒီကနေ့ ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ကျင်းပတဲ့ ၇၄ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို တက်ရောက်လာစဉ် ပြောဆိုခဲ့တာပါ။ သူ့အနေနဲ့ ပွဲတွေလိုက်တက်နေရတာဟာ အချိန်အားလို့ တက်နေရတာမဟုတ်ဘဲ ရန်ကုန်မြို့ စည်ပင်သာယာတိုးတက်ဖို့ရည်ရွယ်ပြီး ကိုယ်ပိုင်အချိန်တွေထဲက တက်ရောက်နေရ တာပါလို့ ပြန်လည်တုံ့ပြန်ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် သူတက်ရောက်နေရတဲ့ အခမ်းအနားပွဲတွေဟာ ကိုယ်ရေးကိုယ်တာနဲ့ သက်ဆိုင်တဲ့ကုမ္ပဏီပွဲတွေကို တက်ရောက်တာမဟုတ်ဘဲ တိုင်းပြည်အတွက် အကျိုးရှိပြီး နိုင်ငံအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ပြန်ရရှိနိုင်မယ့် ပွဲမျိုးကိုသာ ရွေးချယ်တက်ရောက်တယ်လို့ မြို့တော်ဝန်က ပြောပါတယ်။ ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးဟာ ကိုယ့်အလုပ်ကိုယ်မလုပ်ဘဲ အခမ်းအနား ပွဲတွေ လိုက်တက်နေတဲ့ ငဖြီးကြီးလို့ အန်အယ်လ်ဒီ စမ်းချောင်းလွှတ်တော်အမတ် ဦးဘိုဘိုဦးက ဝေဖန်ပြောပွဲခဲ့တဲ့အပေါ် မြို့တော်ဝန်က ဦးမောင်မောင်စိုးက ပြန်လည်တုံ့ပြန်ပြောဆိုလိုက်တာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024