A d v e r t i s e m e n t With Us

အုတ်ဖိုတွင် ဖွဲ့စည်းပုံပြင်ဆင်ရေး ဆိုင်းဘုတ်စိုက်ထူပွဲနှင့် ဆန္ဒပြပွဲကျင်းပ

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲနိုင်ရေးအတွက် ပဲခူးတိုင်း၊ သာယာဝတီခရိုင် အုတ်ဖိုမြို့နယ်မှာ ဒီမနက်က  ဆန္ဒပြခဲ့ကြပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပူးပေါင်းကော်မတီကို ထောက်ခံတဲ့ ဆိုင်းဘုတ်စိုက်ထူလိုက်ပါတယ်။ ဒေသခံအင်အား ၅၀၀ လောက်က အုတ်ဖိုမြို့ ဗိုလ်ရုံတန်းလမ်းပန်းခြံကနေ စတင်ကာ မိုးညိုတန်းလမ်း၊ သီရိမင်္ဂလာရွာမ ၂လမ်း၊ မြို့မ ၃လမ်း၊ မြို့မ ၂လမ်းအတိုင်း စီတန်းလှည့်လည်ပြီး ဗိုလ်ချုပ်ကြေးရုပ်ကို အလေးပြုခဲ့ကြပါတယ်။ ဆန္ဒပြပွဲ ဦးဆောင်ကော်မတီဝင် ဦးရဲမြတ်အောင်က “ဒီမိုကရေစီစံချိန်စံညွန်းနဲ့ ကိုက်ညီမှု မရှိဘဲ တရားမျှတမှုကင်းမဲ့ကာ ပြည်သူတွေရဲ့ ဆန္ဒတွေကို ဆန့်ကျင်ရာရောက်တဲ့ အတွက် တော်လှန်ရေးနေ့ အမှတ်တရ အထိမ်းအမှတ်အဖြစ် ရည်ရွယ်ပြုလုပ်ရတာ" လို့ ပြောပါတယ်။ ၂၀၀၈ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆန္ဒဖော်ထုတ်ပွဲတွေကို သာယာဝတီ၊ မင်းလှ၊ ဇီးကုန်း စတဲ့မြို့နယ်တွေမှာ ပြည်သူတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ဦးဆောင်ပြုလုပ်ခဲ့ပြီး အခုလို အုတ်ဖိုမြို့မှာ ဆိုင်းဘုတ်စိုက်ထူပွဲနဲ့ ဆန္ဒဖော်ထုတ်ပွဲ ပူးပေါင်းပြုလုပ်တာ ဖြစ်ပါတယ်။ သတင်း/ဓာတ်ပုံ ဝဏ္ဏထွန်း

A d v e r t i s e m e n t With Us

More News
Up