A d v e r t i s e m e n t With Us

အီရန်တွင် ရေကြီးမှုကြောင့် သေဆုံးသူ ၃၁ ဦးအထိရှိ

ဓာတ်ပုံ - Reuters
အီရန်နိုင်ငံမြောက်ပိုင်း ဂိုးစတန်နဲ့ ဖားစ်ပြည်နယ်တွေမှာ ရေကြီးနေတာကြောင့် မတ်လ ၂၆ ရက်နေ့အထိ သေဆုံးသူ ၃၁ ဦး ရှိတယ်လို့ ဒေသမီဒီယာတွေက ထုတ်ပြန်ပါတယ်။ ပြည်နယ်အတော်များများဟာ ရေဘေးအတွက် ကြိုတင်ပြင်ဆင်နေပြီး အာဏာပိုင်တွေကလည်း မြို့တော် တီဟီရန်နဲ့ ရေနံကြွယ်ဝတဲ့ တောင်ပိုင်းမှာ ရေကြီးတာတွေ ဖြစ်နိုင်တယ်လို့ သတိပေးထားပါတယ်။ အီရန်သမ္မတ ရိုဟာနီက ရေဘေးကြောင့်ဖြစ်ခဲ့တဲ့ ဆုံးရှုံးမှုတွေအတွက် လျော်ကြေးပေးသွားမယ်လို့ ကတိပြုခဲ့ပြီး ရေဘေးသင့်ဒေသတွေမှာ သွားရောက်ကူညီဖို့ စစ်တပ်ကိုလည်း တိုက်တွန်းထားပါတယ်။ တီဟီရန်အရှေ့ပိုင်း အဝေးပြေးလမ်းမှာ ရေကြီးနေတယ်လို့ နိုင်ငံပိုင်မီဒီယာက ပြောကြားပါတယ်။ ရေကြီးနေတာကြောင့် ပြည်သူသောင်းနဲ့ချီ နေရပ်စွန့်ခွာခဲ့ရပြီး အရေးပေါ် ကယ်ဆယ်ရေးစခန်းတွေမှာ ထောင်နဲ့ချီ ခိုလှုံနေရတယ်လို့ နိုင်ငံပိုင်မီဒီယာက ဆိုပါတယ်။ အီရန်နိုင်ငံမှာ နော်ယုဇ် နှစ်သစ်ကူးပွဲ ကျင်းပနေပြီး အဲဒီအခါသမယမှာ မိသားစု အတော်မျာျးများ ခရီးထွက်ကြပါတယ်။ ဒါပေမယ့် တာဝန်ရှိသူတွေက ပြည်သူတွေကို မလိုအပ်ဘဲ ခရီးမထွက်ဖို့ နှိုးဆော်ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up