A d v e r t i s e m e n t With Us

တောင်ငူမြို့ လက်ဖက်ရည်ဆိုင်တွင် လျှပ်စစ်အင်ဂျင်နီယာ ၁ ဦး ဓားထိုးခံရ၍ သေဆုံး

ပဲခူးတိုင်းဒေသကြီး တောင်​ငူမြို့၊ ကုန်သည်​ကြီးလမ်းမှာရှိတဲ့ "ထူး" လက်​ဖက်​ရည်​ဆိုင်​မှာ မတ်လ ၂၆ ရက်​​နေ့လယ်​က  လျှပ်စစ်​အင်​ဂျင်​နီယာတ​ဦး ဓားထိုးခံခဲ့ရပြီး​ သေဆုံးသွားပါတယ်။ ဆိုင်မှာ လက်​ဖက်​ရည်​လာ​သောက်​တဲ့ ​နေပြည်​​တော်​​နေ လျှပ်​စစ်​အင်​ဂျင်​နီယာ ဦးမြင့်လွင် ​(ခ)ဦးမင်းလွင်​  အသက်​ (၅၀) နှစ်ကို ထန်းတပင်​မြို့နယ်​ မိ​ကျောင်း​ခေါင်း​ကျေးရွာ​နေ ​ယောက်​ဖ​တော်​စပ်​သူ ​နေဝင်း​အောင်​ အသက်​(၃၅ နှစ်)က နောက်​က​လိုက်​လာပြီး ဓားနဲ့ ဝင်​​ထိုးခဲ့တာလို့ တောင်ငူရဲစခန်းက သိရပါတယ်။ ဒီဖြစ်စဉ်ကြောင့် ဦးမြင့်လွင်​ဟာ ညာဘက်​ညှပ်​ရိုးအထက်​ ထိုးသွင်း ဒဏ်​ရာ၊ လက်​​ကောက်​ဝတ်​ ပြတ်​ရှဒဏ်​ရာ၊ ညာဘက်​လက်​ညှိုးနဲ့လက်​မကြား ပြတ်​ရှဒဏ်​ရာ၊ နားရွက်​​အောက်​ ပြတ်​ရှဒဏ်​ရာတို့ ရရှိခဲ့ပြီး ​တောင်​ငူ​ဆေးရုံကြီးမှာ ​သေဆုံးသွားခဲ့ပါတယ်​။ လူ​သေဆုံးတဲ့အထိ ဓားနဲ့ထိုးခဲ့သူ​ နေဝင်း​အောင်​ကို ​တောင်​ငူအမှတ်​ (၂) နယ်​​မြေ ရဲစခန်းက ရာဇသတ်​ကြီးပုဒ်​မ-၃၂၆ နဲ့ အမှုဖွင့် အ​ရေးယူထားရာကနေ ရာဇသတ်​ကြီးပုဒ်​မ-၃၀၂ ကို ပြောင်းလဲ ဖွင့်လှစ်​ထားပြီး ထွက်​​ပြေးတိမ်း​ရှောင်​​နေတဲ့ တရားခံကို ဖမ်းဆီးရမိ​ရေးအတွက်​ ​ဆောင်​ရွက်​​နေတယ်​လို့သိရပါတယ်​။ သတင်း- သားကြီး(​တောင်​ငူ)

A d v e r t i s e m e n t With Us

More News
Up