အီရန်တွင် ရုတ်တရက်ရေကြီး၊ လူ ၁၁ ဦးထက်မနည်း သေဆုံး
အီရန်နိုင်ငံတောင်ပိုင်း ဖားစ်ပြည်နယ်မှာ ရုတ်တရက် ရေကြီးတာကြောင့် လူ ၁၁ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ အီရန်နိုင်ငံပိုင်ရုပ်သံက မတ်လ ၂၅ ရက်နေ့မှာ အစီရင်ခံပါတယ်။
ဖားစ်ပြည်နယ်မှာ ဆိုးရွားတဲ့ ရာသီဥတုကြောင့် အနည်းဆုံး လူ ၁၁ ဦး သေဆုံးပြီး ၃၅ ဦး ဒဏ်ရာရခဲ့တယ်လို့ အီရန် အရေးပေါ် ဆေးဘက်ဝန်ဆောင်မှုအဖွဲ့ အကြီးအကဲက ပြောပါတယ်။
မိုးသည်းသည်းမည်းမည်း ရွာပြီး ရေကြီးရေလျှံလာတာကြောင့် နိုင်ငံမြောက်ပိုင်းက မဇန်ဒါရန်ပြည်နယ်နဲ့ ဂိုလီစတန်ပြည်နယ်က ကျေးရွာနဲ့ မြို့ငယ်ပေါင်း ၂၇၀ မှာနေထိုင်တဲ့ ဒေသခံ ၅ သောင်း ၆ ထောင်ကျော် ရေဘေးသင့်ခဲ့ပါတယ်။
မိုးများတာကြောင့် ပြည်နယ်တော်တော်များများမှာလည်း ရုတ်တရက် ရေကြီးနိုင်တဲ့ သတိပေးချက်တွေ ထုတ်ပြန်ထားတယ်လို့ နို်င်ငံပိုင်ရုပ်သံက ပြောပါတယ်။