ကေအန်ယူဒေသ လေ့လာရေးသွားသည့် ဧရာဝတီတိုင်းက ကျောင်းသားများ ကားမှောက် ၄ ဦးသေဆုံး
DVB
·
March 27, 2019
ကရင်ပြည်နယ် ဘားအံခရိုင် ကေအန်ယူဌာနချုပ်ကို လေ့လာရေးသွားရောက်တဲ့ ဧရာဝတီတိုင်းက ကျောင်းသားတွေလိုက်ပါလာတဲ့ ကားတစီး လှိုင်းဘွဲ့မြို့နယ် ဒေါနတောင်ပေါ်မှာ မတ်လ ၂၆ ရက်နေ့က တိမ်းမှောက်ပြီး လူ ၄ ဦး သေဆုံးခဲ့ပါတယ်။
နွေရာသီကျောင်းပိတ်ရက်မှာ ကေအန်ယူဌာနချုပ် တော်လှန်ရေးနယ်မြေကို လေ့လာရေး သွားရောက်ခဲ့ကြတဲ့ ဧရာဝတီတိုင်းက မျိုးဆက်သစ်လူငယ်တွေအပါအ၀င် ၁၈ ဦး စီးနင်းလိုက်ပါ လာတဲ့ မော်တော်ယာဉ်ဟာ တပ်မဟာ(၇) အဝင်တောင်ကုန်း မဲ့သရိရွာအနီးမှာ ကား ဘရိတ်ပေါက်ပြီး တိမ်းမှောက်ခဲ့တာပါ။
ယာဉ်တိမ်းမှောက်မှုကြောင့် အမျိုးသမီး ၃ ဦးနဲ့ အမျိုးသား ၁ ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး ၁၄ ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေကို ထိုင်းနယ်စပ် တာဆောင်ရမ်း ဆေးရုံက တဆင့် မဲဆောက်ဆေးရုံသို့ လွှဲပြောင်းကုသပေးနေပါတယ်။
အဆိုပါကားပေါ်မှာ ကျောင်းသား ၁၆ ဦး၊ ကျောင်းဆရာ ၁ ဦးနဲ့ ရွာသား ၂ ဦးတို့လိုက်ပါလာတယ်လို့ သိရပါတယ်။