A d v e r t i s e m e n t With Us

မြောက်ကိုရီးယားနှင့် အမေရိကန် နောက်တကြိမ် ထပ်မံတွေ့ဆုံနိုင်ရေး အဖြေရှာသွားမည်

ဓာတ်ပုံ - Reuters
တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးအဖြစ် လျာထားခံရသူ ကင်ယောင်ချူးလ်က မြောက်ကိုရီးယားနဲ့ အမေရိကန် နောက်တကြိမ် ထပ်ပြီး တွေ့ဆုံနိုင်ရေး အဖြေရှာသွားမယ်လို့ မတ်လ ၂၆ ရက်နေ့က ပြောလိုက်ပါတယ်။ အသက် ၅၅ နှစ်အရွယ် ကင်ယောင်ချူးလ်က သူ့အနေနဲ့ ဘယ်လိုအဖြေရှာမယ်ဆိုတာတော့ အကျယ်တဝင့် ထုတ်ဖော်မပြောခဲ့ပါဘူး။ ဒါပေမယ့် ကိုရီးယားနှစ်နိုင်ငံ ပေါင်းစည်းရေးအတွက် မြောက်ကိုရီးယားနဲ့အတူ ပူးပေါင်းဆောင်ရွက်ဖို့ နည်းလမ်းအမျိုးမျိုးကို ရှာသွားမယ်လို့လည်း ပြောခဲ့ပါတယ်။ တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာနဟာ မြောက်ကိုရီးယားနဲ့ သံတမန်ဆက်ဆံရေးကို ကိုင်တွယ်ဆောင်ရွက်တဲ့ဌာန ဖြစ်ပါတယ်။ ဖေဖော်ဝါရီလက ဗီယက်နမ်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ အမေရိကန်နဲ့ မြောက်ကိုရီးယား ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲ ပျက်သွားပြီးနောက် ကိုရီးယားနှစ်နိုင်ငံအကြား ဆက်ဆံရေးဟာလည်း မရေမရာ အခြေအနေမှာ ရှိနေခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲ ပျက်ပြီးတဲ့နောက် မြောက်ကိုရီးယားနယ်စပ်နားက ကေဆောင်မြို့မှာ ပြီးခဲ့တဲ့နှစ်က စတင်ဖွင့်လှစ်ခဲ့တဲ့ တောင်ကိုရီးယား-မြောက်ကိုရီးယား နှစ်နိုင်ငံ ပူးတွဲဆက်ဆံရေးဌာနကနေ ယာယီနုတ်ထွက်မယ်လို့ မြောက်ကိုရီးယားဘက်က ကြေညာခဲ့ပါတယ်။ ဒါပေမယ့် တောင်ကိုရီးယားသမ္မတ မွန်းဂျဲအင်းက ပြန်လည်ညှိနှိုင်းခဲ့တာကြောင့် မြောက်ကိုရီးယားက သူ့ရဲ့ဆုံးဖြတ်ချက်ကို ပြန်ရုပ်သိမ်းခဲ့ပါတယ်။ အဲဒီနောက် မတ်လ ၂၅ ရက်က စပြီး အရာရှိတချို့ လုပ်ငန်းခွင် ပြန်ဝင်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up