Live
Home
မြန်မာသတင်း
ပိုက်လိုင်းယိုစိမ့်မှု ပြုပြင်နေသဖြင့် ရန်ကုန် ၁၀ မြို့နယ်တွင်ရေပြတ်
ပိုင်စိုး
·
March 27, 2019
ရန်ကုန်မြို့ကိုရေပေးနေတဲ့ ရေပိုက်လိုင်းယိုစိမ့်နေတာကြောင့် ပြုပြင်နေပြီး မြို့နယ် ၁၀ မြို့နယ်မှာ ဒီနေ့ ရေပြတ်နေတယ်လို့ မြို့တော်စည်ပင်က ကြေညာထားပါတယ်။ ငမိုးရိပ် ပထမအဆင့် ရေပို့တဲ့ပိုက်လိုင်းဟာ မနေ့ည ၇ နာရီလောက်က မင်္ဂလာဒုံမြို့နယ် ခရေပင်လမ်းဆုံးနားမှာ ရေယိုစိမ့်ခဲ့ပါတယ်။ ဒါ့ကြောင့် လက်ရှိမှာ  ပြုပြင်နေပြီး ဒီနေ့တနေကုန် မင်္ဂလာဒုံ၊ မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပ၊ သင်္ဃန်းကျွန်း၊ သာကေတ၊ ဒေါပုံ၊ ဒဂုံမြို့သစ် မြောက်ပိုင်း၊ တောင်ပိုင်း၊ အရှေ့ပိုင်းနဲ့ ဆိပ်ကမ်းမြို့နယ်တွေမှာ ရေပြတ်တောက်နေပါတယ်။ ဒီနေ့ည ၈ နာရီလောက်မှာ ပြုပြင်တာပြီးစီးနိုင်ပြီး ရေပြန်ပေးနိုင်မယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရေရရှိရေးနဲ့ ရေပေးဝေရေး လုပ်ငန်းတာဝန်ခံအဖွဲ့က ကြေညာထားပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024