မအူပင်မြို့က သစ်လွင်ထူးထမင်းဆိုင် မီးလောင်
DVB
·
March 27, 2019
ဧရာဝတီတိုင်း၊ မအူပင်မြို့ အမှတ်(၁၁)ရပ်ကွက် ပေါ်တော်မူ ကမ်းနားလမ်း(ရွှေစေတီလမ်း) အိမ်အမှတ် (၉)မှာ ဖွင့်ထားတဲ့ သစ်လွင်ထူးထမင်းဆိုင်မှာ မတ်လ ၂၆ ရက် ည ၇ နာရီခွဲလောက်က မီးလောင်ခဲ့ပါတယ်။
အိမ်ပေါ်ထပ်မှာရှိတဲ့ ဘုရားစင်မှာအလှထွန်းထားတဲ့ ရောင်စုံမီးတွဲကနေ အပူလွန်ကဲ မီးစတင်လောင်ကျွမ်းခဲ့ပြီး ည ၇ နာရီ ၄၅ မိနစ်မှာ မီးငြှိမ်းသတ်နိုင်ခဲ့ပါတယ်။
မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိဘဲ ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ် ၂၅ သိန်းကျော် ရှိခဲ့ကြောင်း မအူပင်မြို့နယ် မီးသတ်ဌာနက သိရပါတယ်။
မီးလောင်ရာသို့ မအူပင်မြို့နယ်မီးသတ်ဌာနက မီးသတ်ယာဉ် ၆ စီး၊ ရေသယ်ယာဉ် ၂ စီး၊ အထောက်အကူပြုယာဉ် ၁စီး၊ မီးသတ်စက်ယာဉ် ၁ စီး၊ ပျိုးခင်းသစ်ဖောင်ဒေးရှင်း (မအူပင်)မှ မီးသတ်ရေသယ်ယာဉ် ၁စီး စုစုပေါင်း ၁၁ စီး လာရောက်မီးငြှိမ်းသတ်ခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ကြက်ခြေနီနဲ့ ဒေသခံ ပြည်သူတွေ ၀ိုင်းဝန်းကူညီ မီးငြှိမ်းသတ်ခဲ့ကြပါတယ်။
သတင်း- ကျော်စိုးမိုး