ယူရို ၂၀၂၀ ခြေစစ်ပွဲတွင် အီတလီက လက်ခ်ျတန်စတိန်းကို ၆ ဂိုးပြတ်ဖြင့်နိုင် (ရုပ်သံ)

ယူရို ၂၀၂၀ ခြေစစ်ပွဲ အုပ်စု ဂျေက အီတလီနဲ့ လက်ခ်ျတန်စတိန်းတို့ မနေ့ကယှဉ်ပြိုင်ရာ အီတလီက ဂိုးဒါဇင်ဝက်သွင်းပြီး အနိုင်ရသွားပါတယ်။ အီတလီအသင်းဟာ အိမ်ကွင်းမှာ လက်ခ်ျတန်စတိန်းကို စိတ်ကြိုက် ထိုးဖောက်ကစားသွားပြီး ပထမပိုင်းမှာတင် ၄ ဂိုး သွင်းနိုင်ခဲ့တာပါ။ အိမ်ရှင်အသင်းက ဘောလုံးပိုင်ဆိုင်မှု ၇၈ ရာခိုင်နှုန်းအထိ ရယူနိုင်သလို ဂိုးကန်သွင်းခွင့်မှာလည်း ၄၁ ကြိမ်အထိ ရခဲ့ပါတယ်။ ပထမပိုင်းပြီးခါနီးမှာ လက်ခ်ျတန်စတိန်း နောက်ခံလူတဦး တိုက်ရိုက်အနီကတ်နဲ့ အထုတ်ခံရတဲ့အတွက်လည်း ဧည့်သည်အသင်း အားနည်းခဲ့ရပါတယ်။ အီတလီအတွက် ဂိုးတွေကိုတော့ ပွဲချိန် ၁၇ မိနစ်မှာ ဆန်ဆီ၊ ၃၂ မိနစ်မှာ ဗာရက်တီ၊ ၃၅ မိနစ်နဲ့ ပထမပိုင်းပြီးခါနီး နာကျင်အချိန်ပိုမှာ ကွာလီယာရယ်လာ၊ ၆၉ မိနစ်မှာ ကီးန်နဲ့ ၇၆ မိနစ်မှာ ပါဗိုလက်တီတို့က သွင်းယူပေးခဲ့ပါတယ်။ ဒီပွဲနိုင်တဲ့ အီတလီက ယူရို ၂၀၂၀ ခြေစစ်ပွဲ အုပ်စု ဂျေမှာ နှစ်ပွဲကစား ၆ မှတ်နဲ့ ထိပ်ဆုံးက ဦးဆောင်နေပြီး လက်ခ်ျတန်စတိန်းကတော့ အမှတ်မရသေးဘဲ အုပ်စု အောက်ဆုံးမှာ ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up