A d v e r t i s e m e n t With Us

ကာကွယ်ရေးဦးစီးချုပ် တပ်မတော်နေ့ အခမ်းအနားမတက်နိုင်

မတ်လ ၂၇ ရက် ဒီကနေ့မနက် နေပြည်တော်မှာ ကျင်းပတဲ့   (၇၄)နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားကို ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  တက်ရောက်နိုင်ခြင်းမရှိဘူးလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်အောင်လှိုင်ဟာ မတ်လ ၂၆ ရက် ညနေပိုင်းရုံးဆင်းချိန် လှေကားအဆင်းမှာ ခြေချော်ပြီး ဒူးအရွတ် အနည်းငယ် ထိခိုက်ခဲ့တာကြောင့် မတက်ရောက်နိုင်တာလို့ ဆိုပါတယ်။ စစ်ရေးပြအစီအစဉ်တွေကိုတော့ ဒီကနေ့မနက်က ပုံမှန်အတိုင်းဆက်လက်ကျင်းပခဲ့ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတက်ရောက်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up