ဆိုးလ်ရှားကို မန်ယူ အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်မည်ဟု သတင်းထွက်

878
မန်ချက်စတာယူနိုက်တက်အသင်းဟာ ယာယီနည်းပြ ဆိုးလ်ရှားကို အမြဲတမ်းနည်းပြအဖြစ် အခုတပတ်အတွင်း ခန့်အပ်သွားဖို့ ရှိနေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။
ဆိုးလ်ရှားကို အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ဖို့အတွက် နာမည်ကျော် ကစားသမားဟောင်းတွေနဲ့ အသင်းရဲ့ ကစားသမားတွေက မကြာခဏ ထောက်ခံချက် ပေးထားပေမယ့် မန်ယူအသင်းဘက်က အဲဒီကိစ္စနဲ့ပတ်သက်ပြီး တရားဝင်ထုတ်ပြန်မှု မရှိသေးတာ ဖြစ်ပါတယ်။
ဆိုးလ်ရှားဟာ သူကိုင်တွယ်ခဲ့တဲ့ ပွဲစဉ် ၁၉ ပွဲမှာ ၁၄ ပွဲအနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့ပြီး အသင်းသမိုင်းတလျှောက် နည်းပြတွေထဲမှာ ရလဒ်အကောင်းဆုံး စံချိန်အဖြစ် မှတ်တမ်းဝင်နေတာ ဖြစ်ပါတယ်။
မန်ယူအသင်း ဝါရင့်ကွင်းလယ်ကစားသမား မာတစ်ကလည်း ဆိုးလ်ရှားနဲ့ လက်ထောက်နည်းပြတွေဖြစ်တဲ့ မိုက်ဖီလန်၊ မိုက်ကယ်ကာရစ်တို့ရဲ့ အရေးပါပုံကို ချီးကျူးပြောကြားထားပြီး အသင်းမှာ ကာလကြာရှည် ဆက်နေမယ်ဆိုရင် ပျော်ရွှင်မိမှာဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။