A d v e r t i s e m e n t With Us

ဆွေးနွေးပွဲများကျင်းပလိုပါက ကြိုတင်တင်ပြရန် ဒီးမော့ဆို အုပ်ချုပ်ရေးမှူး သတိပေး

ကရင်နီအမျိုးသမီးအစည်းအရုံး( KNWO)ရဲ့ ၂၆ နှစ်ပြည့်အထိမ်းအမှတ်နဲ့ သင်တန်းခန်းမ ဆောင်သစ်ဖွင့်ပွဲ ပြုလုပ်ရာမှာ သက်ဆိုင်ရာကို တင်ပြခြင်းမရှိဘူးဆိုပြီး ဒီးမော့ဆိုမြို့နယ် အုပ်ချုပ်ရေးမှူးက သတိပေးစာတစောင်ထုတ်ပြန်လိုက်ပါတယ်။ မတ်လ ၂၅ ရက်စွဲနဲ့ ထုတ်ပြန်တာဖြစ်ပြီး အဲဒီစာမှာ INGOs၊ CBOs၊ CSOs တွေအနေနဲ့ လုပ်ငန်းတွေ ဆောင်ရွက်မှုနဲ့ပတ်သက်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ သဘောထား မှတ်ချက်ကို တင်ပြသွားဖို့နဲ့ ဖိုရမ်တွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေနဲ့ ကဏ္ဍစုံဆွေးနွေးပွဲ၊ ဟောပြောပွဲ အခမ်းအနားတွေပြုလုပ်မယ်ဆိုရင်   မြို့နယ်က တဆင့်လျှောက်ထားပြီး ၁၅ ရက်ကြိုတင်ပြီး စနစ်တကျ စိစစ်တင်ပြရန် လိုအပ်ကြောင်းထုတ်ပြန်ထားပါတယ်။ ဒီထုတ်ပြန်စာနဲ့ပတ်သက်ပြီး ကရင်နီအမျိုးသမီးအစည်းအရုံးအနေနဲ့ ဒီစာဟာ ရုံးကို ရောက်လာခြင်းမရှိဘဲ အွန်လိုင်းပေါ်မှာသာ ပြန့်နှံ့နေကြာင်းနဲ့ ကယားပြည်နယ်က CSOတွေ အနေနဲ့ သီးခြားကန့်သတ်ခံရနေရတယ်လို့ ကရင်နီအမျိုးသမီး အစည်းအရုံးရဲ့ အထွေထွေ အတွင်းရေးမှူး ဒေါ်မီးမီးက ပြောပါတယ်။ “ဒါသက်သက် အဖွဲ့အစည်းတွေကို ဖိနှိပ်ထားတာပေါ့နော်။ သူတို့ ဒီအန်စီအေ  လုပ်ကတည်းကတောင် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ သူတို့ ပြောကြတာတောင်မှပဲ ဒီ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့ လုပ်တဲ့လူတွေ မှန်သမျှ လွတ်လွတ်လပ်လပ်လုပ်လို့ရတယ်ဆိုတဲ့ ဟာမျိုး အဲဒီခါကျတော့ မှတ်ပုံတင် ရှိသည်ဖြစ်စေ၊မရှိသည်ဖြစ် ကိုယ့်ဒေသခံအဖွဲ့ အစည်းတွေက လွတ်လွတ်လပ်လပ်လုပ်ခွင့်ရှိတယ်ပြောပေမယ့်လည်း ကယားပြည်နယ်က CSOsတွေကို ဖိနှိပ်ထားပြီးတော့ ခွင့်ပြုချက်ကိုတောင်းနေတာ။ အခုက ကိုယ့်ဟာကိုယ် လမ်းပေါ်တက်ပြီး ဆန္ဒပြတာလည်း မဟုတ်ဘူး။ ကိုယ့်ဟာကို သင်တန်းတွေ ဘာတွေလုပ်တဲ့ဟာကို သူတို့ဆီ ခွင့်ပြုချက်ယူရတယ်ဆိုတဲ့ဟာကိုက တော်တော်ကြီးကို ဆိုးတယ်ပေါ့။ ” ကရင်နီအမျိုးသမီးအစည်းအရုံးရဲ့ သင်တန်းခန်မဆောင်သစ်ဖွင့်ပွဲနဲ့ ၂၆ နှစ်ပြည့်အထိမ်း အမှတ်ပွဲကို မတ်လ ၁၁ ရက်က ဒီးမော့ဆိုမြို့နယ် ဒေါတမငယ်ကျေးရွာမှာ ပြုလုပ်ခဲ့တာပါ။

A d v e r t i s e m e n t With Us

More News
Up