A d v e r t i s e m e n t With Us

ဖေ့စ်ဘွတ်ခ်တွင် ခင်မင်သူနှင့်ချိန်းတွေ့သည့်အမျိုးသမီး လက်ဝက်လက်စားများဓားပြတိုက်ခံရ

မန္တလေး၊ အမရပူရမြို့နယ်နေ  အသက် ၂၄ နှစ်အရွယ် အမျိုးသမီးတယောက်ဟာ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်မှာ ခင်မင်နေသူနဲ့သွားတွေ့ဆုံရာက ရွှေထည်ပစ္စည်းတွေ ဓားပြတိုက်လုယူခံလိုက်ရပြီး တရားခံကို မနေ့က ဖမ်းမိပြီလို့ စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ အဆိုပါအမျိုးသမီးဟာ မတ်လ ၉ ရက် မနက် ၆ နာရီလောက်က လူမှုကွန်ရက်ကနေ ခင်မင်ရင်းနှီးတဲ့ ဝက်လက်မြို့နယ် ကမ်းဖြူရွာနေ အသက် ၂၇ နှစ် အရွယ် ထက်နေအောင် (ခ)ထက်မြတ်အောင်နဲ့ မန္တလေးမြို့ စွယ်တော်ဘုရားမှာ သွားရောက် တွေ့ဆုံခဲ့ပြီး နောက် စစ်ကိုင်းဘက်ကို ဘုရားဖူးခေါ်လို့  ဆိုင်ကယ်နဲ့ လိုက်ပါသွားခဲ့ပါတယ်။ စစ်ကိုင်းမြို့၊ ကောင်းမှုတော်ဘုရားမြောက်ဘက်ကို ရောက်တဲ့အခါ ထက်နေအောင်က တောလမ်းအတိုင်းခေါ်သွားပြီး လူပြတ်တဲ့နေရာအရောက်မှာတော့ ဆိုင်ကယ်ကို ရပ်တန့်ပြီး အမျိုးသမီးထံက လက်စွပ်၊ ဆွဲကြိုးနဲ့ ဆွဲသီးတို့ကိုဆွဲဖြုတ်ယူသွားခဲ့တယ်လို့ သိရပါတယ်။ အမျိုးသမီးက  အော်ဟစ် အကူအညီတောင်းခံဖို့လုပ်ပေမယ့် ထက်နေအောင်က သူ့ခါးကြားမှာ ပါလာတဲ့ ဓားမြှောင်ကို ထုတ်ပြပြီး ထုတ်ပြပြီး ရွှေထည်ပစ္စည်းတွေကို ယူဆောင် ထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ထက်နေအောင်(ခ)ထက်မြတ်အောင်ကို အရေးယူပေးဖို့  ကာယကံရှင် အမျိုးသမီးက စစ်ကိုင်းမြို့မရဲစခန်းမှာ တိုင်တန်းအမှုဖွင့်ခဲ့ပါတယ်။ ဒိနောက် အဲဒီအမျိုးသမီးရဲ့ သူငယ်ချင်ကို  အကူအညီတောင်းခံပြီး မြစ်ငယ်တံတားနားမှာ တရားခံကို ထပ်မံ ချိန်းဆိုခိုင်းခဲ့ကာ တံတားနားမှာ စစ်ကိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးက ရဲအုပ် အောင်စိုးမင်း ဦးစီးအဖွဲ့၊ စစ်ကိုင်း နယ်မြေရဲကင်းက ရဲအုပ် ဇော်ထွန်းနဲ့ အဖွဲ့တို့က စောင့်ဆိုင်း ဖမ်းဆီးခဲ့လို့ မတ်လ ၂၅ ရက်မှာ တရားခံကိုဖမ်းမိပြီး သက်သေခံပစ္စည်းတွေကိုလည်း သိမ်းဆည်း နိုင်ခဲ့ပါတယ်။ တရားခံဟာ အလားတူအခြားပြစ်မှုတွေ ကျူးလွန်ထားတာ ရှိ၊ မရှိကိုလည်း ရဲတပ်ဖွဲ့က  အသေးစိတ် ဆက်လက် စစ်ဆေးနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up