A d v e r t i s e m e n t With Us

ဗြိတိန် လေဘာပါတီခေါင်းဆောင်ကို ကြက်ဥဖြင့်ပေါက်သည့် အမျိုးသား ထောင်ဒဏ်ချမှတ်ခံရ (ရုပ်သံ)

ဓာတ်ပုံ - Reuters
ဗြိတိန် အတိုက်အခံ လေဘာပါတီ ခေါင်းဆောင် ဂျရမီး ကော်ဘင်ကို ကြက်ဥနဲ့ပေါက်တဲ့ အမျိုးသားတဦးကို မတ်လ ၂၅ ရက်က ထောင်ဒဏ် ၂၈ ရက် ပြစ်ဒဏ်စီရင်လိုက်ပါတယ်။ လေဘာပါတီခေါင်းဆောင်ရဲ့ ဥရောပသမဂ္ဂကနေ ဗြိတိန်ခွဲထွက်ရေး ဘရက်ဇစ်နဲ့ ပတ်သက်တဲ့ ရပ်တည်ချက်ကို မကျေနပ်လို့ ကြက်ဥနဲ့ ပေါက်ခဲ့တာလို့ ဆိုပါတယ်။ ဘရက်ဇစ်အတွက် တခြားနည်းလမ်းတွေကို ကျောထောက်နောက်ခံ မပေးနိုင်ရင် ဒုတိယအကြိမ် လူထုဆန္ဒခံယူပွဲလုပ်ဖို့ လေဘာပါတီက ထောက်ခံတယ်လို့ ကော်ဘင်က ပြောအပြီး ရက်ပိုင်းအတွင်း ခုလို တိုက်ခိုက်ခံရတာပါ။ အသက် ၃၁ နှစ်အရွယ် ဂျွန်မာဖီက ကော်ဘင်အနားကို ချဥ်းကပ်လာပြီး ကော်ဘင်ရဲ့ ဦးခေါင်း ချိုစောင်းနေရာကို ကြက်ဥနဲ့ ထုခဲ့တာကို လုံခြုံရေးကင်မရာက ဖမ်းယူ မှတ်တမ်းတင်ထားခဲ့တာပါ။ မာဖီက မဲတွေကို လေးစားပါလို့ အော်ခဲ့ကြောင်း လွှတ်တော်အမတ်တွေက ပြောပါတယ်။ မာဖီဟာ ထောင်ဒဏ်အပြင် ငွေဒဏ် ၁၁၅ ပေါင် ပေးဆောင်ဖို့လည်း ဒဏ်တပ်ခံရပါတယ်။ ကော်ဘင်ဟာ သူ့ဇနီးနဲ့ ပါတီကို ထောက်ခံသူတွေနဲ့အတူ လန်ဒန်မြို့ ဖင်းစ်ဘာရီဥယျာဉ်မှာ ရှိတဲ့ မွတ်စလင် လူ့အဖွဲ့အစည်းဆီ လည်ပတ်ချိန်မှာ ခုလို တိုက်ခိုက်ခံရတာပါ။ "ကျေန်ာက အင်မတန် လူသိများတဲ့ အခန်းကဏ္ဍမှာ ရှိနေလို့ ခုလို တိုက်ခိုက်ခံရတာ။ ဒီအတွက် မိသားစုက နက်နက်ရှိုင်းရှိုင်း စိတ်ဖိစီးခဲ့တာမြင်ရလို့ နာကျင်ရတယ်" လို့ ကော်ဘင်က တရားရုံးမှာ ဖတ်ပြတဲ့ ကြေညာချက်အတွင်း ပြောခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up