Home
အာရှဒေသ
အင်ဒိုနီးရှားမှာ လွန်ခဲ့တဲ့ နှစ် ၅၀ ဖြစ်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တောင်းပန်ဖို့ တောင်းဆို
DVB
·
October 16, 2012
အင်ဒိုနီးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ရက်သတ္တပတ်တုန်းက ၁၉၆၅ ခုနှစ်တုန်းက မအောင်မြင်တဲ့ အာဏာသိမ်းမှုရဲ့ နှစ်ပတ်လည်နေ့ ကျရောက်ပါတယ်။ အာဏာသိမ်းတာကို အဲဒီတုန်းက အင်ဒိုနီးရှားက အကြီးဆုံးနိုင်ငံရေးပါတီဖြစ်တဲ့ အင်ဒိုနီးရှား ကွန်မြူနစ်ပါတီ (ပီကေအိုင်)ကို အပြစ်တင်ခဲ့ပါတယ်။ နောက်ဆက်တွဲအဖြစ်နဲ့ အင်ဒိုနီးရှားရဲ့ မျက်မှောက်သမိုင်းမှာ အဆိုးရွားဆုံးရက်စက်မှုတခု ပေါ်ပေါက်ခဲ့ပါတယ်။ ကွန်မြူနစ်လို့ သံသယရှိသူတွေ အနည်းဆုံး လူ ၅ သိန်းကနေ ၂ သန်းလောက်အထိ အသတ်ခံရ၊ ခုံရုံးမတင်ဘဲ ဖမ်းဆီးထောင်ချခံလိုက်ရပါတယ်။ အခုဆိုရင် အဲဒီအဖြစ်အပျက်က နှစ်ပေါင်း ၅၀ ကြာခဲ့ပေမယ့် ဒီအကြောင်းကို ဘယ်သူမှ မပြောကြတော့ပါဘူး။ အခုတော့ အင်ဒိုနီးရှားရဲ့ ထိပ်တန်း လူ့အခွင့်အရေးကော်မရှင်က အဲဒီတုန်းက ဖြစ်ခဲ့တဲ့ လူသတ်မှု၊ အုပ်စုလိုက် မုဒိမ်းကျင့်မှု၊ ဖမ်းဆီးထိန်းသိမ်းမှုတွေကို လူ့အခွင့်အရေးချိုးဖောက်မှုကြီးတရပ် ဖြစ်တယ်လို့ ကြေညာလိုက်ပါပြီ။ ဒီကိစ္စတွေနဲ့ပတ်သက်လို့ အစိုးရက တရားဝင် တောင်းပန်သင့်သလို၊ ခံခဲ့ရတဲ့ သူတွေနဲ့ မိသားစုတွေကို နစ်နာကြေးပေးဖို့ တောင်းဆိုလိုက်ပါတယ်။ ဒါပေမယ့် အင်ဒိုနီးရှားကနေ သတင်းထောက် နိုရီ လီဖီနက်စ်ရဲ့ သတင်းပေးပို့ချက်အရဆိုရင် ဒီကိစ္စက တကယ်ဖြစ်လာဖို့ မလွယ်ပါဘူး။ ဒီအကြောင်း မယုယမိုးက တင်ပြပေးမှာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024