Home
မြန်မာသတင်း
ဝန်ကြီးသစ် ၃ ဦးကို တနင်္သာရီတိုင်းလွှတ်တော် ကန့်ကွက်သူမရှိ သဘောတူ
ပိုင်စိုး
·
March 26, 2019
လစ်လပ်နေတဲ့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီး ၃နေရာကို အစားထိုး ခန့်တာဝန်ပေးဖို့ တိုင်းဝန်ကြီးချုပ်က အဆိုပြုထားသူ ၃ ဦးကို ဒီနေ့  တိုင်းလွှတ်တော်က ကန့်ကွက်သူမရှိ သဘောတူလိုက်ပါတယ်။ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး အဖြစ် တနင်္သာရီမဲဆန္ဒနယ်အမှတ် ၁ တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးအောင်သူရ၊ သယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးအဖြစ် ရေဖြူမဲဆန္ဒနယ်အမှတ် ၁  တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးလှထွေး၊ စီမံကိန်းနဲ့ ဘဏ္ဍာရေး ဝန်ကြီးအဖြစ် မြိတ်မဲဆန္ဒနယ် အမှတ် ၁ တိုင်းလွှတ်တော် ကိုယ်စားလှယ် ဒေါ်ရီရီချိုတို့ကို ဒီကနေ့ တနင်္သာရီတိုင်းလွှတ်တော်မှာ ၀န်ကြီးချုပ်သစ်က အမည်စာရင်းတင်သွင်းခဲ့တာပါ။ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော်ကို အဂတိမှုနဲ့ တရားစွဲဆို တာဝန်က ရပ်စဲပြီးနောက်ပိုင်း သယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်ကို ဝန်ကြီးချုပ်အဖြစ်ခန့်အပ်ဖို့ လိုက်တဲ့အတွက် ၀န်ကြီး တနေရာ လစ်လပ်ခဲ့နေရာကာ မတ်လ ၁၉ ရက်နေ့မှာ နောက်ထပ် တိုင်းအစိုးရ ဝန်ကြီး ၂ ယောက် ထပ်မံ အနားယူသွားတာကြောင့် စုစုပေါင်း  ဝန်ကြီး ၃ ယောက် လစ်လပ်နေတာ ဖြစ်ပါတယ်။ လစ်လပ်သွားတဲ့ ဝန်ကြီးတွေနေရာမှာ အစားထိုးခန့်အပ်ဖို့ ဝန်ကြီးချုပ်အသစ် ဦးမြင့်မောင်က ဒီနေ့ တိုင်ဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး တတိယနေ့မှာ  အမည်စာရင်းတင်သွင်းလာပြီး လွှတ်တော်က ကန့်ကွက်သူမရှိ သဘောတူခဲ့ပါတယ်။ ဝန်ကြီးတာဝန်ထမ်းဆောင်မယ့် လူသစ်တွေကို သမ္မတက အတည်ပြုခန့်အပ် ဖို့ရှိနေပြီး ခန့်အပ်ပြီးပါက  လွှတ်တော်မှာ ကတိသစ္စာပြုကြရမှာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024