ဂိုလန်ကုန်းမြင့်ကို အစ္စရေးပိုက်နက်အဖြစ် အသိအမှတ်ပြုသည့် အမိန့် ထရမ့် လက်မှတ်ရေးထိုး

ဓာတ်ပုံ - AFP
၁၉၆၇ အရှေ့အလယ်ပိုင်းစစ်ပွဲအတွင်း ဆီးရီးယားဆီကနေ အစ္စရေး သိမ်းပိုက်ထားတဲ့ ဂိုလန်ကုန်းမြင့်ကို အစ္စရေးရဲ့ အချုပ်အခြာ ပိုင်နက်အဖြစ် အမေရိကန်က အသိအမှတ်ပြုကြောင်း အမိန့်ဒီဂရီကို သမ္မတ ဒေါ်နယ်ထရမ့်က မတ်လ ၂၅ ရက်မှာ လက်မှတ်ရေးထိုးလိုက်ပါတယ်။ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနဲ့ အစည်းအဝေးအတွင်း ခုလို လက်မှတ်ထိုးခဲ့တာပါ။ မတ်လ ၂၁ ရက်က ထုတ်ပြန်တဲ့ ထရမ့်ရဲ့ ကြေညာချက်ကို အတည်ပြုလိုက်တာလည်း ဖြစ်ပါတယ်။ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး သဘောတူညီချက်ဟာ အစ္စရေးရဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခွင့်အတွက် ဆင်ခြင်ထောက်ထားရလိမ့်မယ်လို့ ထရမ့်က ပြောပါတယ်။ ဂါဇာကနေ အစ္စရေးနိုင်ငံ အလယ်ပိုင်းကို ဒုံးကျည်နဲ့ တိုက်ခိုက်မှုအတွက် လက်တုံ့ပြန်တဲ့ အနေနဲ့ အစ္စရေးက ဂါဇာကို ဗုံးကြဲအပြီးမှာ ထရမ့်က ပြောလိုက်တာပါ။ ထရမ့်ရဲ့လုပ်ရပ်ဟာ ဧပြီ ၉ ရက် အစ္စရေး ရွေးကောက်ပွဲအကြို နေတန်ယာဟုကို ပြိုင်ဘက်တွေထက် နှာတဖျားသာစေဖို့ အခွင့်အရေးပေးသလို ဖြစ်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up