Home
မြန်မာသတင်း
မြောက်ဦးမြို့နယ် လင်းမြွေတောင်အနီး တိုက်ပွဲပြင်းထန်၊ ရွာသားများ ဗုံးခိုကျင်းထဲ ပုန်းခိုနေရ
DVB
·
March 26, 2019
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် လင်းမြွေတောင်အနီး ရန်ကုန်-စစ်တွေ ကားလမ်းဘေးမှာ တပ်မတော်နဲ့ အေအေ (ရက္ခိုင့်တပ်မတော်)တို့ ဒီမနက် အစောပိုင်းက တိုက်ပွဲပြင်းထန် ဖြစ်ပွားနေတယ်လို့ မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ဒီဗွီဘီကိုပြောပါတယ်။ မြောက်ဦးမြို့နဲ့ ၁၆ မိုင်လောက်ဝေးတဲ့ လမ်းမြွေတောင် မကျည်းကုန်း-စစ်တွေ ကားလမ်း ဘေးမှာ ဒီကနေ့ မနက် ၁ နာရီအချိန်လောက်စတင်ပြီး မနက် ၅ နာရီအချိန်အထိ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုဖြစ်ပွားနေတယ်လို့ ဦးထွန်းသာစိန်က ပြောပါတယ်။ “ဆက်တိုက်ဆိုသလို တိုက်ပွဲဖြစ်နေကြတယ်။ ရွာသူ၊ ရွာသားတွေကလည်း အကုန်လုံး ဗုံးခိုကျင်းထဲမှာခိုနေကြတယ်။ ပြီးတော့ အမြောက်သံတွေက ရွာကိုဖြတ်ပြီးတော့ သွားနေတယ်။ လက်နက်ကြီးတွေရော၊ လက်နက်ငယ်တွေ အကုန်ကြား နေရတယ်။”လို့ပြောပါတယ်။ တိုက်ပွဲတွေကြောင့် တောင်ဦးကျေးရွာမှာ လက်နက်ကြီးကျည် ရောက်ခဲ့တာကြောင့် နေအိမ်တလုံး ပျက်စီးသွားပါတယ်။ တောင်ဦးကျေးရွာက လက်နက်ကြီးကျရောက်ခဲ့တဲ့နေအိမ်က ဦးအောင်သိန်းလှိုင်က “ဒီကနေ့ မနက်ပိုင်း ၇ နာရီလောက်ဖြစ်မယ်။ အမြောက်လက်နက်ကြီးကျည်ကျတာ။ အဲ့ဒီမှာ ကျနော်အိမ်ကို ထိတယ်။ ခေါင်းမိုးတွေ ပျက်စီးသွားတယ်။ မှန်ပြတင်းပေါက် ပျက်စီးသွားတယ်။ နံရံတွေပေါက်သွားတယ်”လို့ပြောပါတယ်။ ဒီကနေ့ မနက်ပိုင်းအထိ တိုက်ပွဲတွေကြောင့် လူတွေနဲ့ တိရိစ္ဆာန်တွေ ထိခိုက်ဒဏ်ရာတဲ့ သတင်းတွေတော့ မရရှိသေးပါဘူး။ သတင်း- ဝဏ္ဏခွာညို
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024