Home
မြန်မာသတင်း
ရ​သေ့​တောင်​မြို့နယ်​ အမျက်‌‌တောင်‌ရွာက ကူးတို့​စက်လှေသမား ၁ ဦးပစ်‌သတ်‌ခံရ
DVB
·
March 26, 2019
ရခိုင်ပြည်နယ်၊ ရ‌သေ့‌တောင်‌မြို့နယ်‌၊ အမျက်‌‌တောင်‌ရွာသားကူးတို့ စက်လှေ သမားတဦးဟာ မတ်လ ၁၅ ရက်မနက်​ ၁၀ နာရီ ​ကျော်​လောက်က ခရီးသည်​ပို့​ဆောင်​ပြီး ပြန်​လာစဉ်​ ပစ်‌သတ်‌ခံရတယ်လို့ ​အမျက်​​တောင်​​ကျေးရွာအုပ်​ချုပ်​​ရေးမှူး ဦးအောင်​စံသိန်း က အတည်​ပြု​ပြောပါတယ်​။ "မနက်​ ၁၀ နာရီ​ကျော်​​လောက်​မှာ အမျက်​​တောင်​​ကျေးရွာမှ ရေစိုး‌ချောင်းရွာသို့ ခရီးသည်​နှစ်​ဦး လိုက်​ပို့ပြီး အမျက်​​တောင်​​ကျေးရွာကို ပြန်​လာတဲ့ ကူးတို့သည်​တ​ဦး ပစ်​သတ်​ခံ လိုက်​ရပါတယ်​။ ဘယ်​အဖွဲ့က ပစ်​တာလည်းဆိုတာ​တော့ ကျနော်​လည်း မ​ပြောတတ်​ဘူး။ အခု သူ့ အ​လောင်းကိုရှာ​တွေ့ပြီး ​ဆေးရုံပို့ဖို့ လုပ်​​နေပါတယ်​” သေဆုံးသွားသူဟာ အသက် ၂၇ အရွယ် ​မောင်​​ချေ ဆိုသူဖြစ်​ပြီး အမျက်​​တောင်​မှာ အိမ်​​ထောင်​ကျ​နေကာ ကူးတို့စက်လှေလုပ်ငန်းနဲ့ အသက်မွေးလုပ်ကိုင်နေကာ က​လေး ၂ ဦး ရှိပါတယ်​။ အ​လောင်းရှာ​ဖွေရာတွင်​ပါဝင်​ခဲ့တဲ့ သူရဲ့ညီဖြစ်​သူက​တော "သူ့ကို ကမ်းမှ လှမ်း​ခေါ်တယ်​ လို့ ​သိရတယ်​။ လှမ်း​ခေါ်​တော့ စက်​သံနဲ့ ဆိုရင်​လည်း မကြားတာ​တွေရှိတတ်​ပါတယ်​။ ကျနော်​တို့လည်း ကူးတို့စက်​​လှေသမားပါ ​ခေါ်မရလို့ဆိုပြီး ပစ်​လိုက်​တယ်​လို့​ သိရပါတယ်​။ သူအ​လောင်းကို အပစ်​ခံရတဲ့ ​ရေဆိုးချောင်းနဲ့ အမျက်​​တောင်​ ကမ်းတည့်တည့်မှာ သွား​တွေ့တာပါ။ ဒဏ်​ရာက တော့ ကျည်​က ​ကျောကုန်းက ​ဖောက်ဝင်​ပြီး ​ရှေ့ရင်​အုံက​ ဖောက်​ထွက်​သွားပါတယ်​။ ​နောက်​တချက်ကတော့ ညာလက်​အုံ ​အောက်​က ၀င်​တဲ့ ကျည်​က​တော့ အထဲမှာ ရှိ​နေပါ​သေး တယ်​လို့​ ပြောပါတယ်။" အမျက်​​တောင်​​ကျေးရွာဟာ အိမ်​​ထောင်​စု ၁၀၀ ​ကျော်​ရှိ​တဲ့ ​ကျေးရွာငယ်​​လေးတခု ဖြစ်​ကြောင်း သိရပါတယ်​။ ဗညား
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024