အမေရိကန်တွင် ပေ ၄၀ အလျားရှိ ဝေလငါးအသေတကောင် သောင်တင်

768
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် မာလီဘူးကမ်းခြေမှာ သေဆုံးနေတဲ့ မီးခိုရောင် ဝေလငါးကြီးတကောင် မတ်လ ၂၄ ရက်နေ့က သောင်တင်နေပါတယ်။
ဝေလငါးအသေကောင်ကို လာကြည့်သူတွေလည်း ကမ်းခြေကို ရောက်လာကြပါတယ်။
အဲဒီဝေလငါးဟာ ပေ ၄၀ အလျားရှိပြီး သေဆုံးရတဲ့ အကြောင်းရင်းကို ရှာဖွေဖို့ ခွဲစိတ် စစ်ဆေးသွားမယ်လို့ ကယ်လီဖိုးနီးယားအခြေစိုက် ရေသတ္တဝါနဲ့ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့တဖွဲ့က ပြောပါတယ်။
မီးခိုးရောင် ဝေလငါးတွေဟာ ပုံမှန်အားဖြင့် နှစ်စဉ် မတ်လကနေ မေလအထိ ကယ်လီဖိုးနီးယား ကမ်းရိုးတန်း ရေပြင်တလျှောက် လာရောက် ရွှေ့ပြောင်းကျက်စားလေ့ ရှိကြပါတယ်။