ယူရို ၂၀၂၀ ခြေစစ်ပွဲ မွန်တီနီဂရိုး ၁ – ၅ အင်္ဂလန် (ရုပ်သံ)

ယူရို ၂၀၂၀ အုပ်စု အေ ခြေစစ်ပွဲအဖြစ် မွန်တီနီဂရိုးနဲ့ အင်္ဂလန်အသင်းတို့ မနေ့က ယှဉ်ပြိုင်ရာ အင်္ဂလန်က ၅ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ အင်္ဂလန်အသင်းဟာ ဒီပွဲမှာ လူငယ်နောက်ခံလူ ဒီကလန်ရိုက်စ်နဲ့ တိုက်စစ်မှူး ဟတ်ဒ်ဆန် အိုဒွိုင်းတို့ကို ကျန် အဓိက ကစားသမားတွေဖြစ်တဲ့ ဟယ်ရီကိန်း၊ စတာလင်၊ အယ်လီ၊ ဘာ့က်လေ၊ မက်ဂွိုင်းယားတို့နဲ့အတူ ပွဲထုတ်ခဲ့ပါတယ်။ အဖွင့်ဂိုးကို အိမ်ရှင် မွန်တီနီဂရိုးအသင်းက ရရှိသွားပြီး ပွဲချိန် ၁၇ မိနစ်မှာ ဗီဆိုဗစ်ခ်ျက သွင်းယူပေးခဲ့တာပါ။ အင်္ဂလန်အသင်းဟာ အဖွင့်ဂိုးပေးလိုက်ရပေမယ့် ကစားပုံ ပျက်မသွားဘဲ မွန်တီနီဂရိုးဘက်ကို ဘောလုံးပိုင်ဆိုင်မှုအသာ ထိုးဖောက်ကန်သွင်းခွင့် အသာစီးယူ ကစားနိုင်ခဲ့ပါတယ်။ အင်္ဂလန်အသင်းအတွက် ဂိုးတွေကိုတော့ ပွဲချိန် မိနစ် ၃၀ မှာ နောက်ခံလူ မိုက်ကယ်ကီးန်၊ ၃၈ နဲ့ ၅၉ မိနစ်မှာ ကွင်းလယ်လူ ဘာ့က်လေ၊ ၇၁ မိနစ်မှာ တိုက်စစ်မှူး ဟယ်ရီကိန်းနဲ့ မိနစ် ၈၀ မှာ စတာလင်တို့က သွင်းယူပေးခဲ့ပါတယ်။ ဒီပွဲမှာ အင်္ဂလန်ကွင်းလယ်ကနေ အကောင်းဆုံး ခြေစွမ်းပြပြီး နှစ်ဂိုးသွင်းယူပေးခဲ့တဲ့ ဘာ့က်လေကို အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ယူရို ၂၀၂၀ ခြေစစ်ပွဲ အုပ်စု အေမှာ အင်္ဂလန်အသင်းဟာ နှစ်ပွဲကစား နှစ်ပွဲနိုင် ၆ မှတ်နဲ့ ထိပ်ဆုံးက ဦးဆောင်နေပြီး မွန်တီနီဂရိုးအသင်းကတော့ ရမှတ် ၁ မှတ်နဲ့ အဆင့် ၄ မှာ ရပ်တည်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up