မရမ်းကုန်းမြို့နယ်တွင် ဗုံးသီးဟောင်းများ တွေ့ရှိ
DVB
·
March 25, 2019
မရမ်းကုန်းမြို့နယ်မှာ မတ် ၂၄ ရက်နေ့ ဗုံးသီးဟောင်း ၆ လုံး တွေ့ရှိခဲ့တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။
မတ်လ ၂၄ ရက်နေ့ နေ့လယ်ပိုင်းက မရမ်းကုန်းမြို့နယ်၊ ၂ ရပ်ကွက် အ.မ.က ၂ ရှေ့မှာ ကိုဆန်းမင်းဆိုသူ ရေမြောင်းတူးဖော်နေစဉ် သံချေးတက်နေတဲ့ အလျား ၁၀ လက်မ၊ လုံးပတ် ၉ လက်မခွဲ၊ အချင်း ၃ လက်မခန့် ဗုံးသီးဟောင်း ၃ လုံး(ယမ်းပါ) နဲ့ အလျား ၈ လက်မ၊ လုံးပတ် ၉ လက်မခွဲ၊ အချင်း ၃ လက်မခန့် ဗုံးသီးဟောင်း ၃ လုံး(ယမ်းမပါ) အပါအဝင် စုစုပေါင်းဗုံးသီးဟောင်း ၆ လုံးအား တွေ့ရှိခဲ့တာပါ။
ဘုရင့်နောင်နယ်မြေရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေနဲ့ စအရ ၉၀၅ မှ တပ်မတော်သားတွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ပြီး စအရ ၉၀၅ သို့ သယ်ဆောင်သွားတယ်လို့ သိရပါတယ်။