Email This Story :
ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေကို လာမယ့်ရက်ပိုင်းအတွင်း ရာထူးကနေ ဖြုတ်ချသွားမယ်လို့ သူ့ရဲ့အစိုးရအဖွဲ့ ဝန်ကြီးတွေက ပြောတယ်လို့ The Sunday Times သတင်းဌာနက ဖော်ပြပါတယ်။
ဗြိတိန်နိုင်ငံဟာ ဥရောပသမဂ္ဂ (အီးယူ) ကနေ တရားဝင်နုတ်ထွက်ဖို့ သီတင်းပတ် အနည်းငယ်အလိုမှာ ထရီဆာမေရဲ့ ဘရက်ဇစ် မဟာဗျူဟာနဲ့ ပတ်သက်ပြီး သဘောထား ကွဲလွဲနေကြပါတယ်။
ထရီဆာမေနဲ့ အီးယူတို့ ၂၀၁၈ နိုဝင်ဘာလက သဘောတူခဲ့တဲ့ ဘရက်ဇစ် သဘောတူချက်ကို ဗြိတိန်လွှတ်တော်အမတ် အများစုက နှစ်ကြိမ်တိုင်တိုင် ပယ်ချခဲ့ပါတယ်။
အမည်မဖော်လိုတဲ့ အကြီးတန်းဝန်ကြီး ၁၁ ဦးဟာ ထရီဆာမေကို ရာထူးကဖြုတ်ချဖို့ သဘောတူခဲ့ကြတယ်လို့ The Sunday Times သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
တကယ်လို့ ထရီဆာမေ ရာထူးက ဖြုတ်ချခံခဲ့ရမယ်ဆိုရင် ဗြိတိန်နိုင်ငံ အီးယူက နုတ်ထွက်မယ့်ကိစ္စ ဘယ်လိုဆက်ဖြစ်မလဲဆိုတာ မရေရာဘူးလို့ ရိုက်တာသတင်းက ထုတ်ပြန်ပါတယ်။