ဂန့်ဂေါမြို့တွင် အင်အား ၄.၅ အဆင့်ရှိ မြေငလျင်လှုပ်ခတ်
DVB
·
March 25, 2019
မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့မှာ ဒီနေ့မနက်ပိုင်းက အင်အား ၄.၅ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။
မတ်လ ၂၅ ရက်နေ့ မြန်မာစံတော်ချိန် ၁၁ နာရီ၊ ၂၆ မိနစ်၊ ၄၂ စက္ကန့် အချိန်က ဂန့်ဂေါမြို့ရဲ့ အရှေ့ဘက် ၅ မိုင်လောက်အကွာ မြောက်လတ္တီတွဒ် ၂၂.၁၈ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄.၂၁ ဒီဂရီ၊ အနက် ၅၄ ကီလိုမီတာကို ဗဟိုပြုပြိး အင်အားရစ်(ခ်)တာစကေး ၄.၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။