မာလီရှိ ကျေးရွာနှစ်ရွာကို သေနတ်သမားများ ဝင်တိုက်၊ ၁၃၄ ဦး သေဆုံး

ဓာတ်ပုံ - AFP
မာလီနိုင်ငံ အူဂူဆတ်ဂူကျေးရွာနဲ့ ဝယ်လ်လန်းဂါဟာ ကျေးရွာကို မတ် ၂၃ ရက်နေ့က သေနတ်သမားတွေ ဝင်တိုက်တာကြောင့် ဖူလာနီလူမျိုးစု ၁၃၄ ဦး သေဆုံးခဲ့ပါတယ်။ အဲဒီဖြစ်ရပ်ပြီးနောက် မာလီသမ္မတ အီဘရာဟင် ဘူဘာကာ ကီတာဟာ ဗိုလ်ချုပ်နှစ်ယောက်ကို ရာထူးက ဖြုတ်ချပြီး အစားထိုး ခန့်အပ်လိုက်ပါတယ်။ ကျေးရွာအတွင်း အပျက်အစီးတွေ ပြန့်ကျဲေနပြီး မော်တော်ကားတွေ မီးလောင်နေတဲ့ ရုပ်သံဗွီဒီယိုလည်း အင်တာနက်မှာ ပျံ့နှံ့နေပါတယ်။ နိုင်ငံသားတွေကို ဂျီဟတ် ဘာသာရေးစစ်ဝါဒီတွေရဲ့ တိုက်ခိုက်မှုနဲ့ တိုင်းရင်းသားအချင်းချင်း ရန်တုံ့ပြန်တာတွေကနေ အစိုးရတပ်တွေက အကာအကွယ် မပေးနိုင်တာကြောင့် နိုင်ငံသားတွေ စိတ်ပျက်နေကြပါတယ်။ ရိုးရာမုဆိုးဝတ်စုံတွေ ဝတ်ဆင်လာတဲ့ သေနတ်သမားတွေဟာ ဒေသစံတော်ချိန် မနက် ၄ နာရီလောက်မှာ အူဂူဆတ်ဂူကျေးရွာကို ဝိုင်းထားပြီး ဝင်တိုက်ခဲ့တာလို့ မြို့တော်ဝန်က  ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up