အင်ဒိုနီးရှားအသင်း၏ ကစားပုံကို လေ့လာထားဟု မြန်မာနည်းပြချုပ် ပြော

ဓာတ်ပုံ - MFF
ဖီဖာ နိုင်ငံတကာ ခြေစမ်းပွဲအဖြစ် မြန်မာနဲ့ အင်ဒိုနီးရှားအသင်းတို့ မန္တလာသီရိ ဘောလုံးကွင်းမှာ ဒီနေ့ညနေ ၆ နာရီ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ အင်ဒိုနီးရှားအသင်းနဲ့ကန်မယ့် ခြေစမ်းပွဲစဉ်အတွက် အင်ဒိုနီးရှားရဲ့ ကစားပုံကို လက်လှမ်းမီသလောက် လေ့လာထားတယ်လို့ မြန်မာ့လက်ရွေးစင် နည်းပြချုပ် ဦးမျိုးမင်းထွန်းက မတ်လ ၂၄ ရက်နေ့က ဟိုတယ်ရွှေပြည်သာမှာလုပ်တဲ့ ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ အဲဒီပွဲစဉ်ဟာ အင်ဒိုနီးရှားအသင်း နည်းပြချုပ်အတွက် ပထမဆုံး နိုင်ငံတကာပွဲ ဖြစ်ပါတယ်။ မြန်မာအသင်းနဲ့ ကစားမယ့်ပွဲဟာ ခက်ခဲမယ့်ပွဲတပွဲဖြစ်ပေမယ့် အကောင်းဆုံး ကြိုးစားသွားမယ်လို့ အင်ဒိုနီးရှား လက်ရွေးစင်အသင်း နည်းပြချုပ် ဆိုင်မွန်ဘတ်မန်နိဘီက ပြောပါတယ်။ မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်အနေနဲ့ ကစားသမားသစ်တွေကို အခွင့်အရေး ပေးသွားမယ်လို့ ဆိုပါတယ်။ ဖီဖာ နိုင်ငံတကာ ခြေစမ်းပွဲအဖြစ် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းနဲ့ တရုတ် (တိုင်ပေ) အသင်းတို့ မတ်လ ၁၉ ရက်က မန္တလာသီရိ ဘောလုံးကွင်းမှာ ကစားခဲ့ရာ ဂိုးမရှိ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up