မြင်းခြံတွင် လျှပ်စစ်ကြိုး အပူလွန်ကဲရာမှ အဆောက်အဦ ၃ လုံး မီးလောင်
DVB
·
March 25, 2019
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်၊ လေးအိမ်တန်းအုပ်စု၊ စည်ပင်သာကျေးရွာမှာ မတ်လ ၂၄ ရက် နေ့လယ် ၁ နာရီခွဲလောက်က အိမ်ရှင် ဒေါ်အေးအေးခိုင် ရဲ့ လူမနေတဲ့ ဂိုဒေါင်ဟောင်းမှာ လျှပ်စစ်ဓာတ်တိုင်နဲ့ သွယ်တန်းထားတဲ့ အိမ်တွင်း လျှပ်စစ်ကြိုး အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။
မီးလောင်မှုကြောင့် အနီးနားရှိ အဆောက်အဦ ၃ လုံး မီးကူးစက်လောင်ကျွမ်းခံခဲ့ရပြီး နေ့လယ် ၂ နာရီအချိန်မှာ မီးကို အပြီးငြိမ်းသတ်နိုင်ခဲ့ပါတယ်။
မီးလောင်ရာမှာ မြင်းခြံမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးငြိမ်းသတ်ယာဉ် ၈ စီး၊ မီးသတ်ရေယာဉ် ၃ စီး၊ သန္ဓေ ၆၆ ဦး နဲ့ အရန်မီးသတ်တပ်ဖွဲ့ အယောက် ၈၀၊ စုစုပေါင်း ၁၄၆ ဦးတို့ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ် ၃ သိန်းလောက် ရှိတယ်လို့ သိရပါတယ်။
မီးစတင်လောင်ကျွမ်းတဲ့ အိမ်ရှင် ဒေါ်အေးအေးခိုင်ကို မြင်းခြံနယ်မြေရဲစခန်းမှ (ပ) ၇၄/၂၀၁၉ ၊ပုဒ်မ (၂၈၅) နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။
ပွင့်လင်းရာသီအရောက်မှာ မြင်းခြံမြို့နယ်မှာ မီးလောင်တာ ၇ ကြိမ် ရှိပြီဖြစ်ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ် ၃၃ သိန်းကျော်ဖိုးရှိတယ်လို့ သိရပါတယ်။
သတင်း - ရီရီထွန်း (မြင်းခြံ)