ဖွဲ့စည်းပုံပြင်ဆင်ရေး ထောက်ခံပွဲ တောင်တွင်းကြီးတွင် ပြုလုပ်
DVB
·
March 24, 2019
မကွေးတိုင်း တောင်တွင်းကြီးမြို့မှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီအား ထောက်ခံပွဲကို မတ်လ ၂၄ ရက်နေ့ မနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ပါတယ်။
ပြည်သူ့ဆန္ဒအကောင်အထည်ဖော်ဖို့၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲအောင်မြင်ဖို့၊ ဖက်ဒရယ် ပြည်ထောင်စု ဖော်ဆောင်ဖို့၊ ဒီမိုကရေစီစံနှုန်းနဲ့အညီ ဥပဒေပြင်ဆင်ရေးဆွဲဖို့ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီဆောင်ရွက်မှုကို ပြည်သူလူထုက ကြိုဆိုထောက်ခံပွဲ ကျင်းပပြုလုပ်တာပါ။
တိုက်သစ်ဘုန်းတော်ကြီးကျောင်း၊ ရခိုင်ဘုရားဝန်း၊ အ.ထ.က(၂)ကျောင်းရှေ့မှာ ပြည်သူများစုဝေးပြီး စစ်ကြောင်း ၃ ကြောင်း လူဦးရေ ၃၀၀၀ ကျော်လောက်က ထောက်ခံပွဲ ဗီနိုင်းပိုစတာတွေ ကိုင်ဆောင်ပြီး ကြွေးကြော်သံတွေနဲ့ ပုဏ္ဏဝတီဝန်းအတွင်း လမ်းလျှောက်ချီတက် ခဲ့ပါတယ်။
၂၀၀၈ ခု ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်ပြီး ဟောပြောကာ ပြည်သူတွေထံက လက်မှတ်ကောက်ခံပြီး ပြင်ဆင်ရေးပူးပေါင်းကော်မတီဆောင်ရွက်မှု အောင်ရမယ်လို့ ကြွေးကြော်ပြီး အခမ်းအနား ရုပ်သိမ်းခဲ့ပါတယ်။
သတင်း-ဘဦး