ချန်ပီယံခါးပတ်ကာကွယ်ပွဲအတွက် အောင်လအန်ဆန် တိုကျိုရောက်ရှိ

မြန်မာ့ဂုဏ်ဆောင် One Championship MMA ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်ဟာ ဒီနေ့ ညနေပိုင်းက ဂျပန်နိုင်ငံ တိုကျိုမြို့ကို ရောက်ရှိလာပါတယ်။ အောင်လအန်ဆန်ဟာ One Championship မစ်ဒယ်ဝိတ်ကမ္ဘာ့ချန်ပီယံ ခါးပတ်ကာကွယ်ပွဲ ပွဲစဉ်အတွက် ဂျပန်လူမျိုး MMA သမား ကန်ဟာဆီဂါဝါနဲ့ တတိယအကြိမ် ပြန်လည်ယှဉ်ပြိုင်ထိုးသတ်ဖို့ မတ်လ ၂၄ ရက် ဒေသစံတော်ချိန် ညနေ ၅ နာရီလောက်က ဂျပန်နိုင်ငံ ချီးဘား ခရိုင် နာရီတာလေဆိပ်ကို ရောက်ရှိခဲ့တာပါ။ ဂျပန်ရောက် မြန်မာနိုင်ငံသားတွေ၊ ဆွေမျိုးသားချင်းတွေက One Championship MMA ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်ကို ကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်။ “မြန်မာနိုင်ငံသားများကို ကျေးဇူးတင်ပါတယ်။ ဒီပွဲမှာ သူအနိုင်ရမှာပါ အစွမ်းကုန်ပြင်ဆင် လေ့ကျင့်ကြိုးစားထားပါတယ်” လို့ အောင်လအန်ဆန်က ဒီဗွီဘီကိုပြောကြားသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up