Live
Home
မြန်မာသတင်း
သင်္ကြန်ပွဲတော်ရုံးပိတ်ရက် အဝေးပြေးကားခ ပုံမှန်ဈေးအတိုင်း ရောင်းချပေးနေ
DVB
·
March 24, 2019
သင်္ကြန်ပွဲတော်ရုံးပိတ်ရက်တွေမှာ အဝေးပြေးယာဉ်လိုင်းတွေအနေနဲ့ ကားခဈေးနှုန်းတွေကို ပုံမှန်ဈေးအတိုင်းပဲ ရောင်းချပေးနေတယ်လို့ အဝေးပြေးခရီးသည်ပို့ဆောင်ရေး ယာဉ်လိုင်းတွေက ပြောပါတယ်။    အစိုးရရုံးပိတ်ရက်ရှည်ဖြစ်တဲ့ သင်္ကြန်ကာလမှာ ခရီးသွားသူတွေနဲ့ နယ်ပြန်သူတွေအတွက် အဝေးပြေး ခရီးသည်ပို့ဆောင်တဲ့ ယာဉ်လိုင်းတွေက ကားလက်မှတ်ပုံမှန်ဈေးနှုန်းအတိုင်းသာ ရောင်းချပေးနေတယ်လို့ ကားဂိတ်တွေက ဆိုပါတယ်။   သင်္ကြန်ကာလ အတွင်းမှာ ဆီဈေးအပြောင်းအလဲရှိပေမယ့် ခရီးသည်တွေကို ပုံမှန်ဈေး အတိုင်းသာ လက်မှတ်တွေကိုရောင်းချပေးနေတယ်လို့ အောင်မင်္ဂလာအဝေးပြေးဝင်းထဲမှာ ရှိတဲ့ ရန်ကုန် မြစ်ကြီးနား ယာဉ်လိုင်းတခုကပြောပါတယ်။ ရန်ကုန် မန္တလေးပြေးဆွဲနေတဲ့ယာဉ်လိုင်းတွေ အများအပြားရှိပေမယ့် ယာဉ်အစီးရေ တိုးချဲ့ထားတာကြောင့် ခရီးသည်တွေလက်မှတ်မရတာမျိုးမရှိဘူးလို့ ရန်ကုန်-မန္တလေး ယာဉ်လိုင်း က ပြောပါတယ်။ သင်္ကြန်ကာလဟာ နှစ်တစ်နှစ်ရဲ့ ပိတ်ရက်အရှည်ဆုံးပွဲတော်ကာလဖြစ်ပြီး ဒီအချိန်မှာ ခရီးသွားသူ ဦးရေဟာ ပုံမှန်အချိန်ထက် ပိုများပါတယ်။ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ YRTAက သင်္ကြန်ကာလမှာ ကားဂိတ်တွေအနေနဲ့  ကားလက်မှတ် ဈေးနှုန်းကို ပုံမှန်ထက် ပိုရောင်းချရင် အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ စုစု

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024