မြန်မာအလုပ်သမားများ သတိပြုနေထိုင်ကြရန် ဘန်ကောက်မြန်မာအလုပ်သံအရာရှိရုံး ထုတ်ပြန်

7.4K
ထိုင်းနိုင်ငံ ဖူးခက်ခရိုင် အပါအ၀င် ခရိုင် ၆ခုမှာ ဆူနာမ်ီသတိပေးချက် ထုတ်ပြန်ထားတာကြောင့် မြန်မာအလုပ်သမားတွေ သတိပြုနေထိုင်ကြဖို့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာအလုပ်သမားသံအရာရှိရုံးက ထုတ်ပြန်ထားပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်း ဖူးကက်မြို့နဲ့ ကီလိုမီတာ ၆၀၀ အကွာဝေးရှိ အိန္ဒိယသမုဒ္ဒရာ (Andaman Islands, IndiaRegion)၊ အနက် ၁၀၂ ကီလိုမီတာကိုဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး (၅.၁)အဆင့်ရှိ အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်တခု မတ် ၂၃ ရက် ညနေပိုင်းမှာ လှုပ်ခတ်ခဲ့ပါတယ်။
ဒါကြောင့် ထိုင်းတောင်ပိုင်းရှိ ဖူးခက်ခရိုင်၊ တရန်ခရိုင်၊ ကဘီခရိုင်၊ ရနောင်းခရိုင်၊ ဖန်ငခရိုင်၊ စတူခရိုင်တွေက မြန်မာအလုပ်သမားတွေ ခုရက်ပိုင်းအတွင်း ဆူနာမီဘေးအန္တရာယ်ကို သတိပြုနေထိုင်ကြဖို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်းမှာ ၂၀၀၄ ခုနှစ်က ဆူနာမီဖြစ်ပွားခဲ့ပြီး လူအမြောက်အမြား သေဆုံးခဲ့ဖူးပါတယ်။