Home
Lead Story
ရင်ဖွင့်စာ
DVB
·
March 24, 2019
လုပ်ငန်းလိုင်စင်မရှိတဲ့ မော်တော်ယာဉ်တွေကိစ္စ ဖြေရှင်းပေးပါ အကြောင်းအရာ။ ကျနော်တို့တို့၏ နစ်နာဆုံးရှုံးမှုတွေအတွက် ကူညီဖြေရှင်းပေးဖို့ အသနားခံ တင်ပြခြင်းဖြစ်ပါတယ်။ တောင်ငူမြို့မှ တောင်ငူ ညောင်ကိုင်း တက္ကသိုလ်သို့ ကျောင်းသားကျောင်းသူတွေကို ကျနော်တို့ တောင်ငူတက္ကသိုလ် ကြိုပို့ယာဉ်လိုင်းနဲ့ ကေတုမတီမြို့ပတ်ယာဉ်လိုင်းတို့မှ ကျောင်းသားတဦးကို ၂၀၀ ကျပ်နှုန်းနဲ့ ပို့ဆောင်ပေးနေပါတယ်။ ဒါပေမယ့် တောင်ငူတက္ကသိုလ်မှာ လုပ်ငန်းလိုင်စင်မရှိတဲ့ မော်တော်ယာဉ်တွေက ကျောင်းကြိုပို့ယာဉ်များအဖြစ် ပြေးဆွဲနေပါတယ်။ ဒီလိုပြေးဆွဲနေခြင်းကို သက်ဆိုင်ရာ ခရိုင်မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကုန်းလမ်းပို့ဆောင်ရေး ဦစီးဌာန ပို့ဆက် မော်တော်ယာဉ်ကြီးကြပ်ရေးကော်မတီနဲ့ တောင်ငူတက္ကသိုလ်တွေဆီ အကြောင်းကြား တိုင်ကြားထားပေမယ့် အခုချိန် ၂ နှစ်တာကြာမြင့်နေပြီး  အရေးယူ ဆောင်ရွက်ပေးခြင်းမျိုးမရှိခဲ့ပါ။ အဲဒါကြောင့် ကျနော်တို့ ယာဉ်တွေမှာ များစွာထိခိုက်နစ်နာမှုတွေ ရှိနေတာကြောင့် ကူညီဖြေရှင်းပေးပါဖို့ အနှုးအညွတ် မေတ္တာရပ်ခံ တိုင်ကြားအပ်ပါတယ်။ အငယ်လေး ဖားကန့်မြို့မီးလင်းရေး နှိုးဆော်ပေးပါဦး မင်္ဂလာပါ ခင်ဗျ။ နှစ်လည်းချီနေပါပြီ။ ကျနော်တို့ ကချင်ပြည်နယ်၊ ဖားကန့်မြို့ မီးလင်းမယ်လို့ ကြေညာထားပါပေမယ့် အခုချိန်ထိ မီးမရောက်ရှိသေးပါဘူးဗျ။ လက်ရှိ အသုံးပြုနေကြရတဲ့ ပုဂ္ဂလိကပိုင် မီးပေးဝေရေးမှာလည်း တယူနစ် ၉၀၀ ကျပ် ဈေးနှုန်းထားနဲ့ဆိုတော့ အဆင်မပြေလို့ တာဝန်ရှိသူများကို ထပ်မံပြီး နှိုးဆော်ပေးပါဦးဗျ။ ကျေးဇူးတင်ပါတယ်။ ဗိုလ်သူရိန် ချဲထီကြောင့် ဘ၀ပျက်သူများနေတယ်ဆိုတဲ့ ရွာသာအေးရွာ ကျနော်တို့ ရွာသာအေး ကျေးရွာမှာ လောင်းကစားတွေ ပေါများနေပါတယ်။ အထူးသဖြင့် ၂ လုံး၊ ၃ လုံး ချဲထီတွေ ပေါများနေပါတယ်ခင်ဗျာ။ အတိအကျ ပြောရမယ်ဆိုရင်တော့ မန္တလေးတိုင်း၊  မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ရွာသာအေး ကျေးရွာအုပ်စု၊ ကျနော်တို့ ရွာသာအေးရွာမှာ တရားမဝင် ချဲထီ လောင်းကစားများ ပေါ်ပေါ်ထင်ထင် ရောင်းချနေကြပါတယ်။ ချဲထီကြောင့် ဘ၀ပျက်သွားကြသူတွေလည်း များနေပါပြီ။ သက်ဆိုင်ရာမှ သိရပြီး အရေးယူပေးပါလို့ ဒီဗွီဘီကတဆင့် ရင်ဖွင့်လိုက်ရပါတယ်။ ရွာသာရေးရွာခံတဦး   ကျောင်းပြောင်းပုံအဆင့်ဆင့် လုပ်ဆောင်ရမယ့် အချက်လက်တွေကို သိချင်ပါတယ် ကျနော်ကတော့ မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်က မောင်မျိုး ဖြစ်ပါတယ်။  ကျေနာ့် ညီဟာ ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့က နည်းပညာတက္ကသိုလ် (ပင်လုံ) မှာ ဒုတိယနှစ် သင်ကြားနေဆဲပါခင်ဗျာ။ အဓိက ပြောချင်တာကတော့ ကျောင်းပြောင်းလို့ မလွယ်ကူတဲ့ ကိစ္စပါ။ ပြောင်းချင်ရတဲ့ အကြောင်းရင်းကတော့ ကျနော်ရဲ့ညီလေးမှာ မျက်စိဝေဒနာ ခံစားနေရပြီး မန္တလေး ပြည်သူ့ဆေးရုံကြီးမှာ တလတခါ သွားရောက်ကုသနေရပါတယ်။ တခါသွားပြရင် ၁၀ ရက်လောက်ကြာပါတယ်။ စရိတ်တွေလည်းကုန်ပါတယ်။ အမှန်ဆိုရင် ကျေန်ာတို့ရွာနဲ့ မဝေးလှတဲ့ မိတ္ထီလာမြို့ နည်းပညာတက္ကသိုလ်မှာ ပြောင်းတက်လို့ရမယ်ဆိုရင် အဆင်အပြေဆုံး ဖြစ်ပါတယ်။ ကျောင်းက ဆရာ/ ဆရာမ တွေကို ပြောကြည့်တော့လည်း ပြောင်းဖို့ မလွယ်ကူကြောင်း ပဲသိခဲ့ရပါတယ်။ ကျောင်းပြောင်းပုံအဆင့်ဆင့် လုပ်ဆောင်ရမယ့် အချက်လက်တွေကို သိချင်ပါတယ်။ ပညာရေးဝန်ကြီးဌာန သိအောင်ဖတ်ကြားပေးပါခင်ဗျ။ ကိုမျိုး   အများပိုင်နေရာတွေက ကျူးကျေ်များ အရေးယူပေးပါ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ၆ ရပ်ကွက် ကျန်စစ်သား အိမ်ရာက တိုက်ခန်းတွေမှာ မြေညီထပ်တွေက တိုက်ခန်းရှေ့ကို အဖီထုတ်ထားတာ အခုဆိုရင် လမ်းမှာကား ၂ စီး ရှောင်လို့ မရအောင် ဖြစ်နေပါတယ်။ အများနဲ့ သက်ဆိုင်တဲ့ မြေကွက်လပ်တွေမှာလည်း လက်ဖက်ရည်ဆိုင်၊ ကုန်စုံဆိုင်၊ ထမင်းဆိုင်နဲ့ ကားဂိုထောင်တွေ ကျူးကျော် ဆောက်လုပ်ထားပြီး လူတွေပါနေ နေကြပါတယ်။ သက်ဆိုင်ရာ လူကြီးမင်းများသိအောင် ကြားအောင် ပြောပေးပါဦး။ ကိုမောင် အမေစုသိအောင် ဖော်ပြပေးပါ အမေစုက မုံရွာခရီးစဉ်မှာ လူငယ်တွေ ဘွဲ့ရရင် ဝန်ထမ်းလုပ်ဖို့နဲ့ အလုပ်ရအောင် လုပ်ပေးသွားမယ် ပြောသွားပါတယ်။ ကျနော်က လျှပ်စစ်ဌာနမှာ နေစားနဲ့ လုပ်သက် ၉ နှစ် ကျော်ပါပြီ။ ဘယ်တော့မှ အမြဲဝန်ထမ်းဖြစ်မလဲ။ မျှော်လင့်ချက်နဲ့ လုပ်လာတာ အသက် ၂၀ ကျော်ကစ လုပ်ပေမယ့် အသက် ၃၀ ကျော် ဘာ     မျှော်လင့်ချက်မှ မရှိပါဘူး။ ဌာနတွေမှာ ဘဝတူတွေရှိပါတယ် ဒါကို အမေစုသိအောင် ဖော်ပြပေးစေချင်ပါတယ်။ ကိုထွန်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024