Home
မြန်မာသတင်း
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဝမ်းတွင်းတွင် လူထုထောက်ခံပွဲ ကျင်းပ
DVB
·
March 24, 2019
မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်မြို့ အားကစားကွင်းမှာ မတ် ၂၃ ရက်နေ့လယ်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လူထုထောက်ခံပွဲကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဝမ်းတွင်းမြို့က ပြည်သူ ၁၂၀၀ ကျော်လောက်နဲ့ သဲတောမြို့ဘက်က ၄၀၀ ကျော် စုစုပေါင်း ပြည်သူ ၁၆၀၀ ကျော်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အောင်မြင်ပါစေ၊ ပြည်သူ့ဆန္ဒနဲ့ ဆန့်ကျင်တဲ့ အခြေခံဥပဒေ အလိုမရှိ စတဲ့ ကြွေးကြော်သံတွေနဲ့ မြို့နယ်အားကစားကွင်းထဲသို့ စီတန်းလမ်းလျှောက်လာခဲ့ကြပါတယ်။ ဒို့တောင်သူ ပရဟိတအဖွဲ့မှ ဦးတူးက “ ၂၀၀၈ အခြေခံဥပဒေဟာ ပြည်သူလူထုဆန္ဒ မပါဘဲ ရေးဆွဲအတည်ပြုထားတဲ့ ဥပဒေပါ။ အဲဥပဒေထဲက ပုဒ်မအများအပြားဟာ ပြင်ဆင်ရမှာဖြစ်တယ်။ လူထုရဲ့သဘောဆန္ဒ မပါခဲ့တာကြောင့် ဒီဥပဒေပြင်ဆင်ဖို့ ခုလည်း တောင်းဆိုနေသလို နောက်လည်း ဆက်လက်တောင်းဆိုသွားမှာပါ" လို့ ဒီဗွီဘီကိုပြောပါတယ်။ ရွှေတောင်ရွာနေ မအိက "၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ချင်ပါတယ်။ ကျမတို့ပြည်သူတွေရဲ့ ဆန္ဒမပါဘဲရေးဆွဲခဲ့တာပါ။ မပြင်မချင်း တောင်းဆိုသွားမှာပါ" လို့ ပြောပါတယ်။ မြို့နယ်အားကစားကွင်းမှာ နိုင်ငံတော်သီချင်းအား သံပြိုင်သီဆိုပြီး လူထုထောက်ခံပွဲ အခမ်းအနား ဖွင့်လှစ်ပါတယ်။ အခမ်းအနားမှာ စာရေးဆရာဦးဘုန်း (ဓာတု)၊ စာရေးဆရာ မာန်(တောင်လုံးပြန်) နဲ့ ဆရာထင်လင်းဦးက ဟောပြောခဲ့ကြပြီး ညနေ ၆ နာရီမှာ အခမ်းအနား ပြီးဆုံးပါတယ်။ သတင်း-မောင်မောင်လင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024